
နေပြည်တော် စက်တင်ဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေး ရှင်းမှ တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သည့် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ထွန်းမင်း၊ အုတ် တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဟိန်းထက်၊ စင်တာကုသရေးတာဝန်ခံ ဆေးရုံ အုပ် ဒေါက်တာနိုင်လင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာ စကားပြောကြားပြီး အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်း တည် ထောင်သူအဖွဲ့ဝင် ဦးဝင်းကျော်က ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်နှင့် စင်တာဖွင့်လှစ်၍ ပြင်ဆင်ဆောင် ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသ ရေး စင်တာအသစ်ကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ (အပေါ်ပုံ) ယင်းနောက် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဆုတောင်း သစ်ပင်တွင် သဲပွင့်သွန်းလောင်း ခြင်းနှင့် ဇီဝိတဒါနပြုမင်္ဂလာငှက် များ လွှတ်ပေးခြင်းများ ပြုလုပ်ကြ သည်။
ယင်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စင်တာ၌ ရောဂါပိုးတွေ့လူနာ ၅၀၀ ကုသပေးနိုင်ရန် အဆောင် ငါးဆောင်တွင် အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်း များ၊ အောက်ဆီဂျင် လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင် ပိုက်လိုင်းသွယ်တန်း တပ်ဆင် ပြီးစီးမှုများ၊ လူနာ ၁၈၀ အတွက် HDU အခန်းပြင်ဆင်ထားရှိ ကုသ ရေးတာဝန်ယူမည့် ဆရာဝန်၊ သူနာပြုများ ဖွဲ့စည်းမှု၊ စေတနာ့ ဝန်ထမ်းများ စုဖွဲ့ထားရှိမှု၊ဆေး နှင့် ဆေးပစ္စည်းများ ထားရှိသည့် Medical Store ၊ အောက်ဆီဂျင် လိုအပ်ချက်အတွက် ၁၀ လီတာ Oxygen Concentrator အလုံး ၉၀၊ လီတာ ၄၀ ဆံ့ ဆလင်ဒါအိုး အလုံး ၃၀၀ တို့ကို အဆင်သင့် ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်