ကြက်သွန်နီ တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိ

နေပြည်တော်   စက်တင်ဘာ   ၃ 
ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်     ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် အကျိုး တူ    ပူးပေါင်းထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ ထိန်းညှိနိုင် ရေးကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊   စက်ကိရိယာ အသုံးပြုခြင်း၊   စိုက်ပျိုးရေ   စီမံ ခန့်ခွဲခြင်းနှင့် သွင်းအားစုကို စနစ် တကျသုံးစွဲ၍ စရိတ်လျှော့ချခြင်း နှင့် အထွက်နှုန်းကောင်းမွန်ရေး နည်းပညာများ  လိုက်နာအသုံးပြု ခြင်း   စသည်တို့ကို   စနစ်တကျ လုပ်ကိုင်    ဆောင်ရွက်ကြမှသာ ဈေးကွက်  ယှဉ်ပြိုင်နိုင်မည်ဖြစ် ကြောင်း၊ အရည်အသွေးမထိခိုက် စေရန်            သိုလှောင်နိုင်သည့် အဆင့်မြင့်သိုလှောင်ရုံများ အသုံး ပြုနိုင်ရေး၊    တန်ဖိုးမြှင့်ကုန်ချော များအဖြစ်    ထုတ်လုပ်နိုင်ရေး အတွက်   ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်အစိုးရက    အားပေး ဆောင်ရွက်လျက်      ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဦးတင်ထွဋ်ဦး       က ပြောကြားသည်။
 စက်တင်ဘာ    ၁  ရက်က ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်နှင့်  ကူမဲမြို့များမှ    ကြက်သွန်စိုက် တောင်သူများ၊ ကြက်သွန်လုပ်ငန်း ရှင်များနှင့်       တွေ့ဆုံစဉ်     ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဈေးကွက် သေချာမှုရှိစေရန်
ကြက်သွန်နီ    စတင်စိုက်ပျိုး  သည်မှ ရိတ်သိမ်းပြီးနောက်ပိုင်း  လုပ်ငန်းစဉ်များတွင်      လုပ်ငန်း တွင်ကျယ်ပြီး စရိတ်သက်သာစေ ရန် စက်ကိရိယာများ အသုံးပြုနိုင် ရေး၊  ရေသွင်းစနစ်နှင့်  ဓာတ်မြေ သြဇာ အသုံးပြုမှုစနစ်များ ပြုပြင် ပြောင်းလဲ     အသုံးပြုနိုင်ရေးတို့ အတွက် သက်ဆိုင်ရာဌာနများက အကူအညီများ   ဆောင်ရွက်ပေး ခြင်း၊   လိုအပ်သော   လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နည်းပညာ ပေးလုပ်ငန်းများကို   ဌာနဆိုင်ရာ များအပိုင်းက ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး    ထွက်ရှိလာသည့် ပမာဏနှင့်   သိုလှောင်ရုံ    မျှတမှု ရှိစေရန်၊      ကြက်သွန်အဆင့် အတန်း ခွဲခြားစက်များ၊ တန်ဖိုးမြှင့် ကြက်သွန်ခြောက်နှင့်  ကြက်သွန် အမှုန့် ထုတ်လုပ်ခြင်း လုပ်ငန်းများ  တိုးချဲ့ဆောင်ရွက်ခြင်း၊ ဈေးကွက် သေချာမှုရှိစေရန် ကြိုတင်လေ့လာ ခြင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်း များကို စီးပွားရေးလုပ်ငန်းရှင်များ အပိုင်းက      ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ကျောက်ဆည်  ခရိုင်အတွင်းရှိ        ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု    ကွင်းဆက် တစ်လျှောက် သက်ဆိုင်သူများနှင့် ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း     သိရ သည်။                         သတင်းစဉ်