
နေပြည်တော် စက်တင်ဘာ ၃
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူ များနှင့်အတူ မန္တလေးမြို့ ရွှေမန်း တောင် အားကစားကွင်းရှိ အားကစားသမားများ စခန်းဝင် လေ့ကျင့်နေထိုင်ရန် တည်ဆောက် ပြီးဖြစ်သော လေးထပ်ဆောင်နှင့် အားကစားသမားများကို ကျွေးမွေး ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကိုလည်းကောင်း၊ ရွှေမန်း တောင် ဘောလုံးအားကစားကွင်း နှင့် ကွင်းစိမ်းလန်းစိုပြည်ရေး မြေအောက်ရေဂါလန် ၁၀၀၀၀ ဆံ့ ရေကန်နှင့် ဂါလန် ၃၂၀၀ ဆံ့ ပေ ၃၀ မြင့် ရေစင်တည်ဆောက်နေ မှုကိုလည်းကောင်း၊ အောင်မြေ မန္တလာဘောလုံးကွင်းကို တိုင်းဒေသကြီးအဆင့် ဘောလုံးကွင်း အဖြစ် ပြန်လည်ပြုပြင် ပြင်ဆင် ဆောင်ရွက်နေမှုနှင့် အောင်မြေ မန္တလာ မိုးလုံလေလုံအားကစား ရုံကိုလည်းကောင်း၊ ဗထူး အားကစားကွင်း ပြုပြင်ရေး လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် မန္တလေးတိုင်းဒေသကြီး အားကစား ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး ပြီး အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းသည်။
တွေ့ဆုံအမှာစကားပြောကြား
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးအားကစား နှင့်ကာယပညာ(သိပ္ပံ) ကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား/ သင်တန်းသူများ နှင့် တွေ့ဆုံအမှာစကားပြောကြား ရာတွင် မိမိတို့သည် အားကစား ဖြင့် နိုင်ငံ့ဂုဏ်ဆောင်ရန် ရည်မှန်း ကြိုးစားနေကြသူများဖြစ်သော ကြောင့် မိမိခံယူချက်မြင့်မားစွာ ထားရှိ၍ သင်ယူလေ့ကျင့်ရန် လိုအပ်ပါကြောင်း၊ အားကစား ကို တွဲ၍လေ့ကျင့်နေရသော သင်တန်းသား/ သင်တန်းသူများ ဖြစ်၍ ပညာသင်ကြားရင်း လေ့ကျင့်မှု အရှိန်အဟုန်မပြတ် စေရန် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းနှင့်အညီ နေထိုင်ရန် လိုအပ်ကြောင်းနှင့် အားကစား သမားများ အလုပ်အကိုင်အခွင့် အလမ်း ဘဝအာမခံချက်ရရှိရေး စီစဉ်ဆောင်ရွက်နေကြောင်း ပြော ကြားပြီး အားကစားနှင့်ကာယ ပညာ(သိပ္ပံ) ဝန်ထမ်းများကို တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် အားကစားနှင့် ကာယပညာ(သိပ္ပံ) မန္တလေးရှိ စားရိပ်သာနှင့် သင်တန်းသား/ သင်တန်းသူအိပ်ဆောင် အားကစား နည်းအလိုက် အားကစားနည်း များ လေ့ကျင့်နေမှုများနှင့် မန္တလာ သီရိဘောလုံး အားကစားကွင်း အတွင်းရှိ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်