ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ သား ငါးများကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့်အစီအစဉ် တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   စက်တင်ဘာ   ၂


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင် ရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေး အတွက်     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ  မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာ အဖြစ်   ပန်းဘဲတန်းမြို့နယ်   ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ    မြန်မာအပြည်ပြည် ဆိုင်ရာ  ကုန်သွယ်မှုဗဟိုဌာန   အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ   လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့ တွင်  ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၅ ခုမှ အိမ်သုံးဆေးဝါး ၂၀၈ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး ငွေကျပ် ၃၆ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။


ဆက်လက်ရောင်းချပေးလျက်ရှိ


အလားတူ  ပထမအစီအစဉ်အဖြစ်  ဖွင့်လှစ် ရောင်းချပေးလျက်ရှိသည့်   အလုံမြို့နယ် ကမ်းနား လမ်း လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၁၄ ရက် မြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် လေးသိန်း ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင် ခဲ့သည်။
ထို့ပြင်   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း   ရန်ကုန်မြို့တော်  စည်ပင် သာယာရေးကော်မတီက ရွေ့လျားဈေးကားဖြင့် သား ငါးများ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်
v