
နေပြည်တော် ဩဂုတ် ၃၁
အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး အတွက် ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ သည် ပုသိမ်တပ်နယ်အတွင်းရှိ နယ်မြေခံတပ်များတွင် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ စိုက်ခင်းများမှသီးနှံများကို နယ်မြေခံတပ်မတော်သား များက ဒေသပေါက်ဈေးအတိုင်း ဝယ်ယူပေးလျက် ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ် မြို့နယ် ရေငံကျေးရွာရှိ ဒေသခံတောင်သူများထံမှ ကြက်သွန်နီ ၁၈၀၀၀ ပိဿာကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဒေသ ပေါက်ဈေးအတိုင်း သွားရောက်ဝယ်ယူအားပေးခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်