ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကျင်းပ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြ

 

 

နေပြည်တော်   ဩဂုတ်   ၃၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်     လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်    တရားဥပဒေစိုးမိုးရေး ကော်မတီ  အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁)အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌ကျင်းပရာ     လုံခြုံရေး၊   တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့်     ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊     ဗိုလ်ချုပ်ကြီး   မောင်မောင်ကျော်၊  မန်းငြိမ်းမောင်၊     Jeng Phang နော်တောင်၊   ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊       ပြည်ထောင်စုတရားသူကြီးချုပ်   ဦးထွန်းထွန်းဦး၊   ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်    ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊     ဦးကိုကို၊    ဦးတင်ထွဋ်ဦး၊   ဦးခင်မောင်ရီ၊   ဦးခင်ရီ၊     ဦးမြင့်ကြိုင်၊     ဒေါက်တာ ပွင့်ဆန်း၊    ဒေါက်တာသက်ခိုင်ဝင်း၊   ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊     ဒေါက်တာ ဒေါ်သီတာဦးနှင့်  ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊  တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်   ဦးမြတ်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့    ဝန်ကြီးချုပ် ဦးမောင်ကို၊   ရခိုင်ပြည်နယ်အစိုးရအဖွဲ့   ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊   ရှမ်းပြည်နယ်  အစိုးရ အဖွဲ့ ဝန်ကြီးချုပ်       ဒေါက်တာကျော်ထွန်းတို့က Video Conferencing   ဖြင့်    တက်ရောက်ကြ သည်။
အကျယ်တဝင့် ရှင်းလင်းမှာကြား
ဦးစွာ    လုံခြုံရေး၊  တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌      လုံခြုံရေး၊  တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေး  ကော်မတီသည်   နိုင်ငံအတွက်   အရေးကြီးသည့်   လုပ်ငန်းရပ်များ   ဆောင်ရွက်နေသည့်  ကော်မတီ တစ်ရပ်ဖြစ်သည့် အခြေအနေ၊    နယ်စပ်ကုန်သွယ် ရေးစခန်းများ၌  လုံခြုံရေးဆိုင်ရာများ  စနစ်တကျ ရှိစေရေးနှင့် မိမိတို့နိုင်ငံ၏  အချုပ်အခြာအာဏာ  ပိုင်နက်နယ်မြေဖြစ်သဖြင့်     မိမိတို့အစိုးရ၏   စီမံ ခန့်ခွဲမှု  အပြည့်အဝရှိရန်   လိုအပ်မှုအခြေအနေ၊  သစ်တောမြေများနှင့်  ပတ်သက်၍    စနစ်တကျ အသုံးပြုရန်   လိုအပ်မှုနှင့်   စိုက်ပျိုးမြေများအား     အခြားကိစ္စရပ်များတွင်         အသုံးပြုခြင်းများ  မပြုလုပ်ရန်      လိုအပ်မှုအခြေအနေ၊     မြို့ရွာများ စီမံခန့်ခွဲရေးတွင်    ရေရှည်အတွက်   စဉ်းစား၍ စီမံဆောင်ရွက်ရန်   လိုအပ်မှုအခြေအနေ၊    နိုင်ငံ အတွင်း    လုံခြုံရေး၊      တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေးအတွက်   ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်     နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊    ပြည်သူလူထု၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက် သင့်သည့်    ကိစ္စရပ်များနှင့်ပတ်သက်၍   အကျယ် တဝင့် ရှင်းလင်းမှာကြားသည်။
ဖြည့်စွက်ရှင်းလင်းပြောကြား
ထို့နောက်  အစည်းအဝေးတက်ရောက်လာကြ သည့် ကောင်စီဝင်များ၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးချုပ်များက သက်ဆိုင် ရာ ကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့်  တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ အား     ရှင်းလင်းတင်ပြကြရာ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ     ဖြည့်စွက်ရှင်းလင်းပြောကြား သည်။
နိဂုံးချုပ်အမှာစကားပြောကြား
ယင်းနောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က    နိဂုံးချုပ်အမှာစကား   ပြောကြားခဲ့ကြောင်း  သတင်းရရှိသည်။                                     
   သတင်းစဉ်