ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးဆိုင်ရာ လေကြောင်းပျံသန်းမှု ကန့်သတ်ချက်များကြောင့် နီပေါလေကြောင်းလိုင်းအရှုံးပေါ်

ခတ္တမန္ဒူ    ဩဂုတ်   ၃၀


နီပေါနိုင်ငံ၏ လေကြောင်းခရီးသွားလာရေးလုပ်ငန်းများမှာ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ  ကန့်သတ်မှုများကြောင့်   နီပေါရူပီး ၃၇ ဘီလီယံ    ( ကန်ဒေါ်လာ ၃၁၃သန်း)ခန့် အရှုံးပေါ် ခဲ့ကြောင်း   နီပေါနိုင်ငံ   လေကြောင်းပျံသန်းမှုအုပ်ချုပ်ရေး   အာဏာပိုင်အဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြသည်။ 
ယခုဘဏ္ဍာနှစ်တွင် လေကြောင်းခရီးသွားလာရေးကဏ္ဍ၌ နီပေါရူပီး ၁၂ ဘီလီယံ( ကန်ဒေါ်လာ ၁၀၂သန်း)  အရှုံးပေါ်ခဲ့ ကြောင်း နီပေါနိုင်ငံလေကြောင်းပျံသန်းမှုအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ကပြောကြားသည်။  

နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါပထမလှိုင်းနှင့်ဒုတိယလှိုင်းများ ဖြစ်ပွားချိန်ဖြစ်သော ယမန်နှစ် အစောပိုင်းမှ ယခုနှစ်ဧပြီလအတွင်း လေကြောင်းပျံသန်းမှုဆိုင်ရာ ကန့်သတ်ချက်များချမှတ်ခဲ့သဖြင့်   နိုင်ငံအတွင်းရှိလေကြောင်း လိုင်းများအနေဖြင့်နီပေါရူပီး   ၂၅ဘီလီယံ( ကန်ဒေါ်လာ ၂၁၂သန်း)အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ ယမန်နှစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ နိုင်ငံအတွင်း   ပြည်တွင်းနှင့်နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲမှု ပြန်လည်စတင်ခဲ့သော်လည်း ယခုနှစ်ဧပြီလ  အစပိုင်းမှစတင်၍ ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြေးဆွဲမှုပြန်လည်  ရပ်နားခဲ့သည်။ 


နိုင်ငံအတွင်း  ပြည်တွင်းနှင့်   နိုင်ငံတကာလေကြောင်းလိုင်း များ  ပြေးဆွဲမှုရပ်နားခဲ့ခြင်းအားဖြင့်   နီပေါနိုင်ငံ   လေကြောင်း အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့နှင့်     နိုင်ငံအတွင်းရှိလေကြောင်း လိုင်းများအပေါ်၌   ဆုံးရှုံးမှုများ   ကြီးမားစွာရှိခဲ့ကြောင်း  နီပေါနိုင်ငံ   လေကြောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့မှ   တာဝန် ရှိသူတစ်ဦးဖြစ်သည့် ရက်ပ်ကူးမားချက်ထရီက ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ