ထားဝယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးဝါးပစ္စည်းများ ပေးအပ်လှူဒါန်း

ထားဝယ်    သြဂုတ်   ၃၀


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက်   အိမ်သုံးအောက်ဆီဂျင်စက်  (10-Liter)၊   ဆန်နှင့်ဆေးဝါးများ  ပေးအပ်လှူဒါန်းပွဲကို  ယနေ့ မွန်းလွဲ    ၁   နာရီက     ထားဝယ်မြို့     တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး    အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြောကြား


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးတွင် အိမ်သုံး အောက်ဆီဂျင်စက် (10-Liter)   အပါအဝင်    ဆန်နှင့် ဆေးဝါးပစ္စည်းများ  လှူဒါန်းသည့်အတွက်   ကျေးဇူး တင်ရှိကြောင်း၊    ယခုလှူဒါန်းသည့်     အိမ်သုံး အောက်ဆီဂျင်စက်များကိုလည်း   လိုအပ်သည့်နေရာ များသို့       ဆက်လက်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး    အစိုးရအဖွဲ့ထံသို့ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊    ကုသရေး အတွက် အိမ်သုံးအောက်ဆီဂျင်စက် (10-Liter) အလုံး ၁၀၀၊ ဆန်အိတ် ၂၅၀၊  တစ်ကိုယ်ရေသုံးကာကွယ် ရေး ဝတ်စုံ  ၁၀   ထည်တို့ကို    ဦးကျော်ခင်   (Tzu Chi Buddhist Foundation Yangon) က  ပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက   လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်  သည်၊၊
ဆက်လက်၍ ဦးကျော်ခင်က   လှူဒါန်းရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ကြောင်း  သိရ သည်။              

 

         တိုင်းဒေသကြီး(ပြန်/ဆက်)