ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ တင်သွင်းခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၃၀


စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ် ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်    အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊   ဆိပ်ကမ်းများနှင့် မူဆယ်၊    ချင်းရွှေဟော်၊   မြဝတီနှင့်   တာချီလိတ် ကုန်သွယ်ရေးစခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၈ ခုမှ ယာဉ်စီးရေ ၂၈ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးဖြင့် ၅၉ တန်၊ အောက်ဆီဂျင် (အရည်)အိုးဖြင့်  ၄ တန်၊      အောက်ဆီဂျင်(အိုးခွံ) ၄၉၀၀၊   Oxygen   Plant   ခြောက်ခု၊   Oxygen Generator တစ်ခု၊ အိမ်သုံး Oxygen Concentrator ၃၈၈ ခု၊ Test Kit ၃၀၀၀၊ PPE ဝတ်စုံ ၂၅၀၀ နှင့် နှာခေါင်းစည်း (Mask)  ၁၃  တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည်(Bowser) ယာဉ်သုံးစီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant ခြောက်ခုမှာ ရန်ကုန်မြို့သို့  ငါးခုနှင့်   မော်လမြိုင်မြို့သို့   တစ်ခု ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့်အညီ  ဦးစားပေး   တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့်  အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်   ဝန်ကြီးဌာန   Website   ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 
သတင်းစဉ်