
သတင်းအဖွဲ့
(ယမန်နေ့မှအဆက်)
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး
စိစစ်တွေ့ရှိချက်များ
ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင် ဘာ ၈ ရက်၌ ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိစစ် တွေ့ရှိချက်များ၊ ဥပဒေနှင့်အညီ ဆောင် ရွက်ထားမှုများကို ဆက်လက်ပြောကြားသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၁) နှင့်အညီ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများကို အသေး စိတ် စိစစ်ခဲ့ကြောင်း၊ မြို့နယ်အသီးသီး တွင်ရှိသည့် မဲရုံပေါင်း ၃၉၉၆၃ ရုံ၌ မဲပေး ခဲ့သည့် အခြေအနေများနှင့် ဆန္ဒမဲ လက်မှတ်များကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ် အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဖွင့်ဖောက် စစ်ဆေးခြင်းများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများကို တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေများ၏ ရွေးကောက်ပွဲဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိ သည့် အခြေအနေကို ဦးစွာတင်ပြမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စု နယ်မြေအလိုက် ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင် ပေါင်း ၃၈၂၇၁၄၄၇ ဦးအနက် ၂၇၅၁၂၈၅၅ ဦး မဲပေးခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၁ ဒသမ ၈၉ ရာခိုင် နှုန်း ဆန္ဒမဲပေးခဲ့ကြောင်းကို ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပါဝင်ယှဉ်ပြိုင်/ ဆန္ဒမဲ ပေးမှုအခြေအနေများကို Power Point ဖြင့်တင်ပြထားပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ တို့၏ မဲဆန္ဒရှင်စာရင်းများကို စိစစ်တွေ့ရှိ ချက်စာရင်းချုပ်အရ စိစစ်ခဲ့သည့် မြို့နယ် ပေါင်း ၃၁၅ မြို့နယ်၊ မဲရုံပေါင်း ၃၉၉၆၃ ရုံ၏ ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းသည် ၃၈၂၇၁၄၄၇ (သုံးဆယ့်ရှစ်သန်း နှစ်သိန်း ခုနစ်သောင်း တစ်ထောင်လေးရာ လေးဆယ့် ခုနစ်) ဦးဖြစ်ကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၃၁၇၇၅၃၃၀ (သုံးဆယ့်တစ်သန်း ခုနစ်သိန်း ခုနစ် သောင်း ငါးထောင်သုံးရာ သုံးဆယ်)ဦး ဖြစ်ပြီး ကွာခြားချက်အနေဖြင့် ၆၄၉၆၁၁၇ (ခြောက်သန်းလေးသိန်း ကိုးသောင်း ခြောက်ထောင်တစ်ရာ တစ်ဆယ့်ခုနစ်)ဦး ဖြစ်ကြောင်း။
မဲဆန္ဒရှင်စာရင်းများ
မဲဆန္ဒရှင်စာရင်းများမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရ လက်မှတ်မရှိသူ ၄၈၆၉၄၂၇ (လေးသန်း ရှစ်သိန်း ခြောက်သောင်း ကိုးထောင် လေးရာ နှစ်ဆယ့်ခုနစ်)ဦး၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်တစ်ခုတည်းနှင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင် နေသူ ၂၉၅၄၀၅ (နှစ်သိန်း ကိုးသောင်း ငါးထောင်လေးရာ့ငါး) ဦး၊ နှစ်ကြိမ် ပါဝင် နေသူ ၃၅၉၆၂၀၆ (သုံးသန်း ငါးသိန်း ကိုးသောင်းခြောက်ထောင် နှစ်ရာ့ ခြောက်)ဦး၊ တိုင်းဒေသကြီး/ ပြည်နယ် အတွင်းရှိ မြို့နယ်အချင်းချင်း အပြန် အလှန်စစ်ဆေးသည့်(Cross Check)အရ မဲစာရင်းထပ်နေသူ ၁၀၉၁၇၇၆ (တစ်သန်း ကိုးသောင်း တစ်ထောင် ခုနစ်ရာခုနစ် ဆယ့်ခြောက်)ဦး၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုနှင့်တစ်ခုအကြား အပြန် အလှန်စစ်ဆေးသည့် (Cross Check) အရ မဲစာရင်းထပ်နေသူ ၁၄၁၇၅၉၈ (တစ်သန်း လေးသိန်း တစ်သောင်း ခုနစ်ထောင် ငါးရာကိုးဆယ့်ရှစ်)ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၂၀၅၆၆ (နှစ်သောင်း ငါးရာ ခြောက်ဆယ့်ခြောက်) ဦး၊ ရွေးကောက် ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၄၄၁၂ (တစ်သောင်း လေးထောင် လေးရာ တစ်ဆယ့်နှစ်)ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည့်အတွက် မဲမသမာမှုဖြစ်နိုင် သည့် မဲဆန္ဒရှင်စုစုပေါင်း ၁၁၃၀၅၃၉၀ (ဆယ့်တစ်သန်း သုံးသိန်း ငါးထောင် သုံးရာ ကိုးဆယ်) ဦးရှိ၍ မဲဆန္ဒရှင်ပေါင်းရဲ့ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း ဖြစ်သည်ကို စိစစ် တွေ့ရှိရကြောင်း။
ယခုတင်ပြခဲ့သည့် မဲမသမာမှု ဖြစ်နိုင်သည့် မဲဆန္ဒရှင် ၁၁၃၀၅၃၉၀ နှင့် စပ်လျဉ်းသည့် မြို့နယ်၊ တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် စာရင်းအသေး စိတ်အားလုံးကို ယခုခင်းကျင်းပြသထား ကြောင်း၊ Hard Copy များကို လည်း ကောင်း၊ Soft Copy များကို ကွန်ပျူတာ ဖြင့်လည်းကောင်း လက်တွေ့စစ်ဆေး ကြည့်ရှုနိုင်သည်ဟု တင်ပြအပ်ပါ ကြောင်း၊ အလားတူ ပြည်ထောင်စု နယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များ၌ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းပုံစံ(၁)မှာ တင်ပြပါမဲစာရင်း ထပ်နေသူများက ထပ်မံမဲပေးသည့် အခြေအနေကိုလည်း လက်တွေ့ကြည့်ရှု နိုင်ရန်ပြသထားသည်ဟု အသိပေးအပ် ပါကြောင်း။
ဆန္ဒမဲလက်မှတ်များ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲ လက်မှတ်များနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များကို တင်ပြမည် ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော် မဲလက်မှတ်များကို စစ်ဆေးတွေ့ရှိချက် အရ စုစုပေါင်းထုတ်ယူရရှိခဲ့သည့် ဆန္ဒမဲ လက်မှတ်အရေအတွက်မှာ ၄၃၀၀၄၃၈၂ (လေးဆယ့် သုံးသန်းလေးထောင်သုံးရာရှစ်ဆယ့်နှစ်) ဖြစ်ပြီး မဲပေးအသုံးပြုခဲ့ သည့် လက်မှတ်ဖြတ်ပိုင်းများမှာ ၂၇၀၉၈၀၅၈ (နှစ်ဆယ့် ခုနစ်သန်း ကိုးသောင်း ရှစ်ထောင် ငါးဆယ့်ရှစ်) ဖြစ်သည့်အတွက် ကျန်ရမည့်အရေ အတွက် ၁၅၉၀၆၃၂၄ (ဆယ့်ငါးသန်း ကိုးသိန်း ခြောက်ထောင် သုံးရာ နှစ်ဆယ့် လေး) ဖြစ်သော်လည်း မြေပြင်လက်ကျန် ၁၄၉၂၀၇၈၃ (ဆယ့်လေးသန်း ကိုးသိန်း နှစ်သောင်း ခုနစ်ရာ ရှစ်ဆယ့်သုံး) ဖြစ်နေ မှုကို စိစစ်တွေ့ရှိရကြောင်း၊ ကွာခြားချက် အနေနှင့် ကျန်ရမည့်အရေအတွက် ထက်လျော့နည်းသည့် မဲလက်မှတ်အရေ အတွက် ၁၄၂၄၃၉၁(တစ်သန်း လေးသိန်း နှစ်သောင်း လေးထောင် သုံးရာ ကိုးဆယ့် တစ်) ဖြစ်ပြီး အပိုတွေ့ရှိရသည့် မဲလက်မှတ်အရေအတွက်မှာ ၄၃၈၈၅၀ (လေးသိန်းသုံးသောင်း ရှစ်ထောင် ရှစ်ရာ ငါးဆယ်)ဖြစ်ကြောင်း၊ တင်ပြပါ လျော့ နည်းနှင့် အပိုတွေ့ရှိရသည့် မဲလက်မှတ် များသည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ မဲမသမာမှုဖြစ်ပေါ်စေ သည်ကို စိစစ်တွေ့ရှိရကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင် စာရင်းနှင့် မဲလက်မှတ်များ စစ်ဆေးစိစစ် မှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ အသီးသီးသို့ မြေပြင် ကွင်းဆင်းစစ်ဆေးမှုအပါအဝင် ရွေးကောက်ပွဲဖြစ်စဉ် တစ်ရပ်လုံးအပေါ် လွှမ်းခြုံ သုံးသပ်ချက်အရ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်သည်ကို တွေ့ရ သည့်အပြင် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုအဆင့်ဆင့်မှာ အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ ကန့်သတ်ချက်များကို အလွဲ သုံးပြီး နိုင်ငံတော်အာဏာကို မတရား ရယူရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ ခြင်းများ၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း တရားဝင်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် ကို အလွဲသုံး၍ ဥပဒေ၊ နည်းဥပဒေများ အား ကျော်လွန်ဖောက်ဖျက် လုပ်ဆောင် ခဲ့ခြင်းများကို စိစစ်တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် နှင့် ပြည်ထောင်စုနယ်မြေတို့၏ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များ၊ ရွေးကောက်တင်မြှောက်ခဲ့ သည့် ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့် အညီ ပယ်ဖျက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ရကြောင်း ပြောကြား သည်။
ရွေးကောက်ပွဲရလဒ်များပယ်ဖျက်
ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက် ကြောင်း ကြေညာချက်ထုတ်ပြန် ကြေညာခြင်းနှင့် စပ်လျဉ်းပြီး တင်ပြမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့်အညီ မဲစာရင်းများ စစ်ဆေးခြင်း အပါ အဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၁ နှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ တို့နှင့်အညီ ဆက်လက်လုပ်ဆောင် နိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများနှင့် မဲလက်မှတ်များကို မြို့နယ်အလိုက် အသေးစိတ်စိစစ်ခြင်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ် အလိုက် မဲဆန္ဒရှင်စာရင်းစစ်ဆေးတွေ့ရှိချက်များအရ မဲမသမာမှုဖြစ်နိုင်သော မှားယွင်းသည့် မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ ဖြစ်ပြီး ဆန္ဒမဲ လက်မှတ်များ မြေပြင်စစ်ဆေးတွေ့ရှိ ချက်အရ ကျန်ရမည့်အရေအတွက်ထက် လျော့နည်းသည့် မဲလက်မှတ်အရေ အတွက် ၁၄၂၄၃၉၁ (တစ်သန်း လေးသိန်း နှစ်သောင်း လေးထောင် သုံးရာ ကိုးဆယ့်တစ်)နှင့် အပိုတွေ့ရသည့် မဲလက်မှတ်အရေအတွက် ၄၃၈၈၅၀ (လေးသိန်း သုံးသောင်းရှစ်ထောင်ရှစ်ရာ ငါးဆယ်) ဖြစ်ကြောင်းတွေ့ရှိရပြီး ၎င်းမဲ လက်မှတ်များသည် မဲမသမာမှုများကို ဖြစ်ပွားစေသည်ဟု စိစစ်တွေ့ရှိရကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စဉ်များနှင့် ဆန္ဒမဲပေးမှုအခြေအနေများ ကို စိစစ်ရာတွင်လည်း ဥပဒေ၊နည်းဥပဒေ များနှင့် ညီညွတ်မှုမရှိသည့် အောက်ပါ အချက်များကို တွေ့ရှိရကြောင်း-
(က) ယခင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သည် NLD ပါတီခေါင်းဆောင်များ ဖြစ်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ်များက ခန့်အပ်လိုသူများ ကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့သည်ကို တွေ့ရှိရကြောင်း။
( ခ ) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ တိုင်း ဒေသကြီးသို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များ ဦးဆောင် သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်း ခဲ့ရာတွင် ယင်းအဖွဲ့ကြောင့် လူဦးရေစာရင်းများ ပိုမို ထပ်ပြီး မဲဆန္ဒရှင်စာရင်းများ နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ပါဝင်မှု များ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရ ကြောင်း။
( ဂ ) အသက် ၆၀ နှစ်နှင့် အထက် မဲဆန္ဒရှင်များကို ဥပဒေ၊ နည်း ဥပဒေများနှင့် ညီညွတ်မှု မရှိဘဲ ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့နေရာ များ၌ NLD ပါတီ အောင်နိုင် ရေးအဖွဲ့ဝင်များ ပါဝင်၍ နေအိမ်များသို့ သွားရောက်ပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရ ကြောင်း။
(ဃ) ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲ ဆန္ဒနယ်သို့ ပြန်လည် ဆန္ဒမဲ ပေးခြင်း မပြုနိုင်သည့် မဲဆန္ဒ ရှင်များ ကြိုတင်ဆန္ဒမဲပေးရန် အသိပေး ကြေညာချက်ကို ယခင် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာသည့် အတွက် မဲစာရင်းများထပ် ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အစုလိုက်အပြုံ လိုက် မဲစာရင်းတွင်ထည့်သွင်း ပြီး မဲပေးခဲ့ခြင်းများ ဖြစ်ပေါ် စေခဲ့ကြောင်း။
( င ) မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့် အခါ နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှု မပြုနိုင်သည့် မဲဆန္ဒ ရှင် သက်သေခံ လက်မှတ် (Voter Slip) များဖြင့် မဲပေး ခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများနှင့် ညီညွတ်မှု မရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများကို မဲပေးခွင့် ပြုခဲ့ခြင်းကို တွေ့ရှိရကြောင်း။
(စ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် အသုံးပြုရန် ဆန္ဒမဲလက်မှတ်များ မှာယူ ရိုက်နှိပ်ရာတွင် အမှန်လိုအပ် သည့် ပမာဏထက် ပိုမို သည့် မဲလက်မှတ်စောင်ရေ ၁၃၉၃၃၁၁၂၀ စောင် ရိုက်နှိပ် ခဲ့ကြောင်း တွေ့ရှိရပြီး ထိုသို့ ရိုက်နှိပ်ရာတွင် ရွေးကောက်ပွဲ ကျင်းပသည့် နေ့မတိုင်မီ ၇-၁၁-၂၀၂၀ ရက်နေ့အပါ အဝင် ထပ်မံရိုက်နှိပ်မှု ၇ ကြိမ် ဆောင်ရွက်ခဲ့ခြင်းကို တွေ့ရှိရ ကြောင်း။
(ဆ) ရွေးကောက်ပွဲနေ့တွင် မဲရုံ များ၌ ဥပဒေနှင့်အညီ UEC တံဆိပ်ပါ ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးများ သုံးရမည်ဖြစ် သော်လည်း အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံး များနှင့် စပ်လျဉ်း၍ UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံးရိုက်နှိပ်ထားသော မဲလက်မှတ်များနှင့် အမှန်ခြစ် ၍ဆန္ဒပြုထားသောမဲလက်မှတ် များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ်သတ်မှတ်မည် ဖြစ်ကြောင်း ညွှန်ကြားခဲ့သည် ကို တွေ့ရှိရကြောင်း၊ ၎င်း ညွှန်ကြားချက်သည် သက် ဆိုင်ရာဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်မှု၊ မှန်ကန် မှုမရှိသည်ကို တွေ့ရကြောင်း။
( ဇ ) ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ မဲစာရင်း ကောက်ယူခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲ ပေးခြင်းနှင့် ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်းစသည့် ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်မှာ NLD ပါတီအနေဖြင့် အုပ်ချုပ် ရေးအာဏာကို အလွဲသုံးစား ပြုပြီး ဝင်ရောက်စွက်ဖက် မလျော်ဩဇာသုံး၍ မသမာမှု များ ဆောင်ရွက်ခဲ့ခြင်းကို တွေ့ရှိရကြောင်း။
( ဈ ) NLD ပါတီမဟုတ်သည့် တခြားနိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ်စည်းရုံး ရေးအပါအဝင် ရွေးကောက် ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက် မှုများကို အုပ်ချုပ်ရေးအာဏာ နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်ချက်၊ တားမြစ်ချက်များကို အလွဲ သုံးခြင်းဖြင့် ကန့်သတ်ထိန်း ချုပ်ပြီး နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုတင် ကြံစည် ဆောင်ရွက်ခဲ့ခြင်းကို တွေ့ရကြောင်း။
(ည) ယခင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေနှင့် လည်း တရားဝင် အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက် ဆောင်ရွက်ခဲ့ သည်ကို တွေ့ရှိရကြောင်း။
လွတ်လပ်၍ တရားမျှတမှုမရှိ
သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိ သည့်အပြင် လွတ်လပ်၍ တရားမျှတမှု မရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ရွေး ကောက်ပွဲရလဒ်များကို ပယ်ဖျက် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ကြေညာချက် အမှတ် (၂/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်သည့်နေရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာ မြို့နယ်တစ်ခု ချင်းအလိုက် စစ်ဆေးစိစစ်ထုတ်ပြန်ခြင်း များ၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုချင်း စီအလိုက် စစ်ဆေးတွေ့ရှိချက် ထုတ်ပြန် ခြင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် များ၏ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ခြုံငုံ စစ်ဆေးတွေ့ရှိချက် ထုတ်ပြန်ခြင်းများ ကို ကိန်းဂဏန်းအချက်အလက်များ၊ စစ်ဆေးတွေ့ရှိချက်များ၊ ခိုင်လုံသည့် သက်သေ အထောက်အထားများဖြင့် အကြိမ်ကြိမ်၊ အလီလီ စနစ်တကျ အတည်ပြုထုတ်ပြန် ဆောင်ရွက်ပြီးမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ဥပဒေနှင့်အညီ ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း။
မိမိအနေဖြင့် အထူးတင်ပြလိုသည် မှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်း ကာလများတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်း ဆိုင်ရာ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့ မဲပေးခြင်းဆိုင်ရာအပါအဝင် ဥပဒေ၊ နည်း ဥပဒေနှင့် ညီညွတ်မှုမရှိသည့် ဖြစ်စဉ် များနှင့် စပ်လျဉ်းပြီး တပ်မတော်က နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားကိုရှေးရှု၍ ပြည်ထောင်စု လွှတ်တော်က သော်လည်းကောင်း၊ နိုင်ငံ တော်အစိုးရကသော် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း နည်းလမ်းရှာ၍ ဖြေရှင်းပေးရန် သဘောထားထုတ်ပြန်ခဲ့ သော်လည်း ဖြေရှင်းဆောင်ရွက်မှု မရှိခဲ့ ခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီမှ ဥက္ကဋ္ဌ / ဒုတိယဥက္ကဋ္ဌများက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များအား ကျော်လွန်လုပ်ဆောင်ပြီး ဥပဒေကပေးအပ်ထားသော တာဝန်များ ပျက်ကွက်နေသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အရေးယူ ပေးရန် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခဲ့မှုမရှိခြင်း၊ မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်း အေးအပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံ ကျော်ဖြစ်သော ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော် အထူးအစည်း အဝေး ခေါ်ယူကျင်းပပေးရန် တောင်းဆိုလွှာတင်သွင်းခြင်းကိုလည်း ကျင်းပရန် မလိုအပ်ကြောင်း ပြန်ကြားငြင်းပယ်ခဲ့ ခြင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုအရာများကို ကြည့်မည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများအပေါ် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဆိုသည့် နည်းလမ်းများ ပျောက်ဆုံးခဲ့ရကြောင်း၊ မဲမသမာမှုများကို ဖြေရှင်းရန်မလုပ်ဘဲ မသမာမှုများရှိသည့် ရွေးကောက်ပွဲရလဒ် ဖြင့် လွှတ်တော်အတင်းခေါ်ယူရန် ကြိုးစားလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း။
လက်ရှိဆောင်ရွက်နေမှု
ယခုဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင် ရွက်မှုအကြောင်းအရာများကို ရှင်းလင်း တင်ပြသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ်(၁)ဖြစ်သည့် မဲစာရင်း စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင် သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင် ရာတွင် စစ်ဆေးတွေ့ရှိချက်များအရ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲဖြစ်စဉ်များ အပါအဝင် စိစစ်တွေ့ရှိချက်များကိုအခြေခံပြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဆိုင်ရာ၊ ရွေးကောက်ပွဲစနစ်အပါအဝင် သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်း ဥပဒေများဆိုင်ရာ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ဆိုင်ရာများကို အသေးစိတ်လေ့လာ ဆန်းစစ်ပြီး မိမိနိုင်ငံတော်နှင့် နိုင်ငံသား များကို အကျိုးဖြစ်ထွန်းရန် သုံးသပ် ဆောင်ရွက်လျက်ရှိကြောင်း။
သင့်လျော်သည့် ရွေးကောက်ပွဲစနစ်
မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ရွေးကောက်ပွဲစနစ်ဖြစ်သည့် အချိုးကျ ကိုယ်စားပြုစနစ် PR စနစ် ကျင့်သုံးနိုင် ရေးကိုလည်း နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက် သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ် (၁)ကို ဥပဒေနှင့်အညီ လုပ်ဆောင်ရာတွင် ဆက်လက်ဆောင် ရွက်ရန် ကျန်လုပ်ငန်းအချို့ကို ဆောင် ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းစဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က တက် ရောက်လာကြသည့် မြန်မာနိုင်ငံအခြေ စိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ် များကို ခင်းကျင်းပြသထားသည့် မဲစာရင်း လက်တွေ့စစ်ဆေးချက်များ၊ ဖမ်းမိထား သည့် အကြမ်းဖက်သောင်းကျန်းသူများ ၏ အချက်အလက်များနှင့် ပတ်သက်ပြီး သံတမန်များ သိလိုသည်များကို လိုက်လံ ရှင်းလင်းဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)