ရခိုင်ပြည်နယ်  တိုက်ပွဲရှောင်စခန်းများရှိ   ပြည်သူများအား  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးထိုးနှံ

 

 

စစ်တွေ    ဩဂုတ်   ၃၀


ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ    ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့  အမှတ်  (၂)  အခြေခံပညာအထက်တန်း ကျောင်း၌ တိုက်ပွဲရှောင်စခန်းများမှ အသက် ၄၅ နှစ်နှင့်အထက်   ဒေသခံပြည်သူများအား  ကိုဗစ်-၁၉    ရောဂါ  ကာကွယ်ဆေး   ထိုးနှံနေမှုကို   ကြည့်ရှု အားပေးသည်။ 
အမှတ်(၂) အခြေခံပညာကျောင်းတွင်   စစ်တွေ မြို့ပေါ်ရှိ ကယုချောင်း၊ အမျိုးသား၊ ယောသိတာရုံ၊ ဒက္ခေါင်း၊ မဏိရတနာ၊ သုခိတာရုံ၊ ဓမ္မာရာမ၊    ဘုရား သိမ်၊     ဝိဘဇ္ဇဝါဒီ၊   နန်းရွှေဂူနှင့်   ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်နေကြသည့် တိုက်ပွဲ ရှောင်ပြည်သူများအား  ကိုဗစ်ကာကွယ်ဆေး  ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်တိုက်ပွဲရှောင်စခန်းများမှ      ဒေသခံပြည်သူများကိုလည်း      သတ်မှတ်နေ့ရက် များတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။
အလားတူ စစ်တွေမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊  အမှတ် (၄)  အခြေခံပညာ     အထက်တန်းကျောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေး   ဦးစီးဌာနရုံး၊    စစ်တွေတက္ကသိုလ်   (ဘုမေ)  အားကစားရုံ၊  အခြေခံပညာ အထက်တန်းကျောင်း (ပါဒလိပ်)   နှင့်   သဲချောင်းကျေးရွာရှိ    ဘက်စုံသုံး        မုန်တိုင်းဒဏ်ခံ   အဆောက်အအုံတို့တွင်   အသက်  ၆၅   နှစ်နှင့်အထက်  အသက် အရွယ်ကြီးရင့်သူများ၊ လူမှုရေး အဖွဲ့အစည်းများမှ ဒေသခံပြည်သူများအား     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။ 
စစ်တွေမြို့နယ်၌         ကိုဗစ်-၁၉       ရောဂါ ကာကွယ်ဆေးကို   ပထမအကြိမ်တွင်   လူဦးရေ   ၁၁၉၁၄       ဦးအား      ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။        
ယမန်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏   အစီ အစဉ်ဖြင့်   ဝယ်ယူခဲ့သည့်   အောက်ဆီဂျင်စက်သည်   စစ်တွေမြို့ ခုတင်  ၅၀၀ ဆံ့  အထွေထွေရောဂါကု ဆေးရုံကြီးသို့  ရောက်ရှိသည်။ 
အောက်ဆီဂျင်စက် ရောက်ရှိပြောင်းရွှေ့တပ်ဆင် နေမှုကို     ပြည်နယ်ဝန်ကြီးချုပ်      ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊  အစိုးရအဖွဲ့အတွင်းရေး မှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ က  သွားရောက်ကြည့်ရှုကြပြီး    လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
အဆိုပါစက်မှာ    တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးကြီးအလုံး ၂၆၀ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊    စက်ကို     စတင်တပ်ဆင်လျက်ရှိပြီး စမ်းသပ်ထုတ်လုပ်မှုများ    ပြီးစီးပါက    စက်တင်ဘာ ၁ ရက်တွင်    အောက်ဆီဂျင်များ    ထွက်ရှိလာမည် ဖြစ်ကြောင်း  သိရသည်။                      
     တင်ထွန်း(ပြန်/ဆက်)