
မော်လမြိုင် ဩဂုတ် ၂၉
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက် ၁၁ နာရီက မော်လမြိုင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေး ပေးခြင်းကို ကြည့်ရှုအားပေးသည်။
ဆောင်ရွက်ပေးမည်
ယင်းသို့စစ်ဆေးဆောင်ရွက်ခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့နည်းကျဆင်း သွားခြင်း ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုအဖွဲ့အစည်း များ ပူးပေါင်း၍ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Rapid Antigen Diagnostic Test Kit ဖြင့် နှာခေါင်းတို့ဖတ် နမူနာ ရယူကာ စစ်ဆေးခြင်းကို ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၃ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးတွေ့ရှိပါက ရောဂါဆက်လက်ကုသနိုင် ရေးအတွက် သတ်မှတ်နေရာများသို့ ပို့ဆောင်ကုသပေး မည်ဖြစ်ပြီး အလားတူ မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ် အပါအဝင် Stay at Home သတ်မှတ်ထားသည့် မြို့နယ် သုံးမြို့နယ်ရှိဌာနဆိုင်ရာ ဝန်ထမ်းများအား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)