တာမွေမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်  ဩဂုတ်  ၂၉


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီ တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်  မအူကုန်း  စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုး တို့ကို ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တာမွေမြို့ နယ် သမိန်ဗရမ်းလမ်းမကြီး တာမွေကြီး (က)နှင့်(ဂ) ရပ်ကွက် ၁၅၇ လမ်းမှ ၁၆၁ လမ်းအထိ ရပ်ကွက်များ အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်များ  ဆယ်ယူရှင်းလင်းနေမှုတို့ကို လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်  (၇) ရပ်ကွက် ရန်ကုန်-ညောင်တုန်းလမ်းမကြီးတစ်လျှောက်   ရေစုကန် ရေမြောင်းအတွင်း ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ (၂၁)တန်  Amphibious Excavator ယန္တရားယာဉ်ဖြင့် မှော်၊ ဒိုက်၊ နုန်းများ၊ ပိန်းပင်များနှင့် အမှိုက်များ ဆယ်ယူရှင်း လင်းနေမှုကိုလည်းကောင်း၊  လှိုင်သာယာ (အနောက် ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး၊ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် အနော်ရထာ စက်မှုဇုန်ရှေ့ မြေဧရိယာ ၁၂ ဒသမ ၂၅၈ ဧကတွင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)က စီမံဆောင်ရွက် နေသည့်     လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာစီမံကိန်းဆောင်ရွက်မည့် နေရာကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပန်းလှိုင်တံတား ချဉ်းကပ်လမ်း၌ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတားက တာဝန်ယူဆောင်ရွက်နေသည့် ပန်းလှိုင်တံတားချဉ်းကပ်လမ်း ပန်းလှိုင်တံတားနှင့် BOC လမ်းဆုံကြား အရှည် ၃၁၆၈ ပေရှိ လမ်း ဝဲ/ယာအား Excavator ဖြင့် လမ်းတိုးချဲ့ခြင်း၊ AG Mixer ယာဉ်ဖြင့် ကွန်ကရစ်လောင်းခြင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၄) ရပ်ကွက်  ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ FMI City (ပဒေသာပင် မြို့တော်)၌ ရေကူးကန်၊ ပဒေသာပင်မြို့တော်ဈေးများနှင့် ရှေးဟောင်းဆုတောင်းပြည့်ဘုရားသို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။    


                                 

    သတင်းစဉ်