
နေပြည်တော် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့ရှိ တပ်မတော်ဆေးရုံ၌ တည် ဆောက်ပြီးစီးသွားသည့် တန် ၂၀ ကျ Liquid Oxygen Plant ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူ များ၊ အလှူရှင်များ တက်ရောက် ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ တိုင်းမှူး၊ အလှူရှင် Royal Hic Company မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်၊ တာဝန်ရှိသူ များက Liquid Oxygen Plant ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဂုဏ်ပြုလွှာပေးအပ်
ထို့နောက် ဒေါက်တာထွန်းထွန်း အောင်က စက်ရုံနှင့် ပတ်သက် သည့် စာရွက်စာတမ်းများအား ဆေးရုံတပ်မှူးထံသို့ လွှဲပြောင်း ပေးအပ်ပြီး တိုင်းမှူးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လိုက်လံကြည့်ရှုရာ တာဝန်ရှိသူ များက အောက်ဆီဂျင်ထုတ်လုပ် နေမှုများကို လိုက်လံရှင်းလင်း ပြသသည်။ ထို့နောက် တိုင်းမှူး နှင့်အဖွဲ့ဝင်များသည် မိတ္ထီလာမြို့ အောင်ဇေယျာ အမှတ်(၂)ရပ်ကွက် ၌ Oxygen Plant တည်ဆောက်နေ မှုတို့ကို လိုက်လံကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။
သတင်းစဉ်