တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဩဂုတ်  ၂၉


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင်   လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊  တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်   ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့်  ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။


ထိုသို့    ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ   မြို့နယ် ငါးမြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၇၂၅ ဦးနှင့် ကင်းသာ(၁/၂)ကုန်ထုတ်စခန်း များရှိ အကျဉ်းသား ၃၂၇ ဦးတို့ကိုလည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀)မြို့နယ်မှ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်း များနှင့်     ပြည်သူစုစုပေါင်း  ၇၅၃၄ ဦးတို့ကို လည်းကောင်း၊    ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ       သံဃာတော် များ၊ အသက် ၆၅ နှစ်နှင့်အထက်     သက်ကြီးဘိုးဘွား များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့်  ပြည်သူစုစုပေါင်း ၁၂၀၀ တို့ကိုလည်းကောင်း၊    ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ  မြို့နယ် ၁၂ မြို့နယ်အတွင်းမှ ထေရ်ကြီး ဝါကြီး   ဆရာတော်ကြီးများ၊  အသက် ၆၅ နှစ် နှင့် အထက်  သက်ကြီးဘိုးဘွားများ၊     စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၃၅၈၂ ဦးတို့ကိုလည်းကောင်း၊  ရခိုင်ပြည်နယ်အတွင်း ရှိ    မြို့နယ်ရှစ်မြို့နယ်အတွင်းမှ    သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၉၇၆ ဦး၊ စစ်တွေမြို့နယ် နှင့် ပေါက်တောမြို့နယ်တို့ရှိ    ကယ်ဆယ်ရေးစခန်း များမှ  ဘင်္ဂါလီလူမျိုး ၈၂၄ ဦးတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်ခုနစ်ခုတို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊  အသက် ၆၅ နှစ်နှင့်အထက်   သက်ကြီးဘိုးဘွားများ၊   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  ပြည်သူစုစုပေါင်း  ၁၀၉၃၈ ဦးတို့ ကိုလည်းကောင်း၊     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်ရှစ်မြို့နယ်မှ   သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက်   သက်ကြီးဘိုးဘွားများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်   ပြည်သူစုစုပေါင်း    ၄၁၅၀   တို့ကို လည်းကောင်း    တပ်မတော်မှ    ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊   သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။


ယင်းသို့    ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင် ရာ  တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက  သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ် သည်များ    ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                             

သတင်းစဉ်