
နေပြည်တော် ဩဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် သီတင်းသုံးနေထိုင်တော် မူကြသော ဝါဆိုသံဃာတော်များ၊ သီလရှင်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေး ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ်နှင့် မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်း တို့ကို လင်းခေးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးနိုင်ဝင်းနှင့်အဖွဲ့မှ ဆက်ကပ်လှူဒါန်းပေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် စာသင်တိုက်များအတွက် ဆွမ်းဆန်တော် အိတ် ၁၀၀၊ ဆီ ၁၁၄ ပိဿာ၊ ပဲ ၂၆၆ ပိဿာနှင့် အခြားလှူဖွယ်ပစ္စည်းတို့ကို လှူဒါန်းပေးခဲ့ကြောင့် သိရသည်။
သတင်းစဉ်