ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဖလင်ပိဋကတ်တိုက်နှင့် ရုပ်ရှင်စတူဒီယိုတို့ကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   သြဂုတ်  ၂၉


ပြန်ကြားရေးဝန်ကြီးဌာန၊    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   ယနေ့   နံနက်ပိုင်းတွင် ရန်ကုန်မြို့      ဗဟန်းမြို့နယ်ရှိ     ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလင်ပိဋကတ်တိုက် နှင့်   ရုပ်ရှင်စတူဒီယိုတို့သို့    ရောက်ရှိပြီး  လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။


စနစ်တကျထိန်းသိမ်း


ရှေးဦးစွာ ဖလင်ပိဋကတ်တိုက်တွင် ပြန်ကြားရေး နှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ညွှန်ကြားရေး မှူးချုပ် ဦးအေးကြွယ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက     မော်ကွန်းမှတ်တမ်းဖလင်များသည် မြန်မာ့ရုပ်ရှင်အတွက်      အသက်ဝိညာဉ်ဖြစ်သည် သာမက      မြန်မာလူမျိုးတို့၏   သမိုင်းယဉ်ကျေးမှု အနုပညာ ပုံရိပ်များလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သည်      နှစ်ပေါင်းထောင်ချီကာလကပင်     ဘာသာ၊ စာပေ၊  သဘင်၊  ဂီတ  ထွန်းကားခဲ့သည့်နိုင်ငံဖြစ် ကြောင်း၊  ထို့ကြောင့်  မြန်မာ့ရုပ်ရှင်ဖလင်များသည် မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်ဖြစ်ရပ်များ၊ ယဉ်ကျေးမှု ပုံရိပ်များကို  ထုတ်ဖော်ပြသနိုင်သည့်  တန်ဖိုးမဖြတ် နိုင်သော     အမွေအနှစ်များဖြစ်သည့်အတွက်   စနစ် တကျ ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း။


 ရုပ်ရှင်ပိဋကတ်တိုက်ရှိ    ရှေးဟောင်းရုပ်ရှင် ဇာတ်ကားများကို  ဒစ်ဂျစ်တယ်နည်းပညာဖြင့် စနစ် တကျ ထိန်းသိမ်းထားနိုင်ရေး ကြိုးပမ်းကြရန် လိုအပ် ကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန်နှင့်  နိုင်ငံတကာတွင် ဆောင်ရွက်နေသော ဖလင်ထိန်းသိမ်းသည့် နည်းပညာရပ်များကို လေ့လာ ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့ ရုပ်ရှင်သည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည် ဖြစ်၍    အချို့သော     ရုပ်ရှင်ဇာတ်ကားကြီးများကို ယူနက်စကိုအဖွဲ့က ရှေးဟောင်းအမွေအနှစ် စာရင်း ဝင် ဇာတ်ကားအဖြစ် သတ်မှတ်ပေးထားပြီးဖြစ်သည့် အတွက် မြန်မာလူမျိုးတိုင်း ဂုဏ်ယူဝမ်းမြောက်စရာ ပင်ဖြစ်ကြောင်း။


ပိုမိုပူးပေါင်းဆောင်ရွက်


 နိုင်ငံတော်ဝန်ကြီးချုပ်က    ရုပ်ရှင်ကဏ္ဍ   ဖွံ့ဖြိုး တိုးတက်စေရန်အတွက်      လိုအပ်သည်များ   ကူညီ ဆောင်ရွက်ပေးရန်      လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် ရုပ်ရှင်ဖလင်များ ထိန်းသိမ်းသည့်လုပ်ငန်း ကို   တစ်ဖက်က ဆောင်ရွက်ရမည်ဖြစ်သလို အခြား တစ်ဖက်မှလည်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ပြသခြင်းလုပ်ငန်းများကို တိုးတက် ဖွံ့ဖြိုးအောင်     ကူညီဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း၊ ထို့ပြင် ရုပ်ရှင်အနုပညာရှင်များနှင့် ရင်းရင်း နှီးနှီး ထိတွေ့ဆွေးနွေးကာ ၎င်းတို့၏ လိုအပ်ချက်များ ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ယခုရုပ်ရှင်ပိဋကတ်တိုက် တွင် ရုပ်ရှင်ဇာတ်ကားများနှင့် မှတ်တမ်းသတင်းကား များ စုစုပေါင်း ဇာတ်ကား ၃၀၀၀ ကျော်ရှိသော်လည်း ဒစ်ဂျစ်တယ်စနစ်ဖြင့်  စနစ်တကျ  ထိန်းသိမ်းထား သည့် အရေအတွက်မှာ လွန်စွာနည်းပါးနေသေးသည့် အတွက် သက်ဆိုင်ရာပညာရှင်များနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးမှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက  ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ စတူဒီယိုများနှင့် ရုပ်ရှင်   ဖွံ့ဖြိုးတိုးတက်ရေးစင်တာများကို  ကြည့်ရှု စစ်ဆေးသည်။


ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်ဖလင်ပိဋ ကတ်တိုက်ကို ၁၉၈၁ ခုနှစ် ဇွန်  ၂၂ ရက်တွင် စတင် ဖွင့်လှစ်၍     သတင်းမှတ်တမ်းများနှင့်    အကယ်ဒမီ ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကား  ၃၀၀၀ ကျော်၏ ဖလင် များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အနက် မြဂနိုင်၊ ပျို့ချစ်လင်၊ ဂျပန့်ရင်သွေး၊ ငဘ၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ရုပ်ရှင်ဇာတ်ကား များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထိန်းသိမ်း ထားရှိသည်။     မြဂနိုင်ဇာတ်ကားကို    ယူနစ်စကိုအဖွဲ့ ၏    အာရှ−ပစိဖိတ်ဒေသဆိုင်ရာ   အမွေအနှစ်အဖြစ် 2018 ခုနှစ်တွင် သတ်မှတ်ထားကြောင်းနှင့် ယခုအခါ    အမျိုးသားဖလင်  မော်ကွန်းတိုက်ကြီးတစ်ခု တည် ဆောက်၍   ရုပ်ရှင်ဖလင်များ   စနစ်တကျထိန်းသိမ်း ရန် ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။


မွန်းလွဲပိုင်းတွင်             ပြည်ထောင်စုဝန်ကြီးသည်     မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံးမှ   နာယကကြီးများ နှင့်   အလုပ်အမှုဆောင်အဖွဲ့ဝင်အချို့အား  တွေ့ဆုံ၍ လက်ရှိကြုံတွေ့နေရသည့်   အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။


တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်


ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများက   ရုပ်ရှင်လောကသားများအား ကိုဗစ်ကာကွယ်ဆေးထိုးရန်ကိစ္စများ၊  တွေ့ကြုံနေရ သည့်    စားဝတ်နေရေးအခက်အခဲများနှင့်   ရုပ်ရှင် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး က အနုပညာလောက ပြန်လည်ရှင်သန်ရေးကိစ္စများ၊ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းနှင့်  အနုပညာ ရှင်များ၏ စားဝတ်နေရေးပြေလည် စေရေးကိစ္စများ အား ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ် က    လမ်းညွှန်ထားပြီးဖြစ်သဖြင့်     မိမိတို့အနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။                 

သတင်းစဉ်