ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာပေဗိမာန်ကို ကြည့်ရှုစစ်ဆေးပြီး လူငယ်များ အသိပညာအတွေးအခေါ်မြင့်မားရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြား

ရန်ကုန်   သြဂုတ်   ၂၈


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည်    ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်လမ်း ရှိ   ပုံနှိပ်ရေးနှင့်   ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သို့ရောက်ရှိပြီး   လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးသည်  စာပေဗိမာန်    စာအုပ်အရောင်းဆိုင်နှင့် စာပေဗိမာန်       စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်    အစည်းအဝေးခန်းမ၌ စာပေဗိမာန် စာတည်းအဖွဲ့ဝင်များနှင့်  တွေ့ဆုံရာ  ပြည်ထောင်စုဝန်ကြီးအား စာပေဗိမာန်သမိုင်းကြောင်းနှင့် စာပေ ဆုရွေးချယ်ရေးလုပ်ငန်းများကို  စာတည်း မှူးချုပ် ဦးတိုးကျော်က ရှင်းလင်းတင်ပြ သည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင်     မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော် ၏    သတင်းမီဒီယာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေရသည့် ဝန်ကြီး ဌာနတစ်ခုဖြစ်သည့်အတွက် အရေးကြီး သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင် နေကြရသည်ဟု ခံယူထားသင့်ပါကြောင်း၊ ပြန်ကြားရေးလုပ်ငန်းများအား  ယခင်က ကဲ့သို့ သမားရိုးကျ လုပ်နည်းလုပ်ဟန်များ ဖြင့်သာ    ဆောင်ရွက်၍    မရတော့ဘဲ ခေတ်ကာလ အချိန်အခါနှင့် လိုက်လျော ညီထွေဖြစ်သည့် လုပ်နည်းလုပ်ဟန်များ၊ ပိုမိုသွက်လက်ထက်မြက်သည့် နည်းလမ်း များ၊   ပို၍သစ်လွင်ကောင်းမွန်သည့် နည်းလမ်းများဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံ နိုင်အောင်    ဆောင်ရွက်ပေးကြရန်လို ကြောင်း။


အိမ်စောင့်အစိုးရအနေဖြင့် နိုင်ငံတော် ကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ် ချမှတ်၍ စနစ်တကျဆောင် ရွက်နေပါကြောင်း၊   မိမိတို့၏   ပန်းတိုင် သည် စစ်မှန်ပြီး စည်ကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာ ရေးပင်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ အောင်မြင်စေရေးအတွက် မိမိတို့အားလုံး က    မီဒီယာနည်းလမ်းများဖြင့်   ကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။ 


နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရေးနှင့် စာအုပ် စာပေ ပိုမိုထွန်းကား ဖွံ့ဖြိုးလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် လမ်းညွှန် ထားပါကြောင်း၊   ထို့အတူ   လူငယ်များ အသိအမြင်   မှန်ကန်ရေးနှင့်   ဖွံ့ဖြိုးတိုး တက်ရေးအတွက်  ဝိုင်းဝန်းကူညီဆောင် ရွက်ပေးရန်လည်း   လမ်းညွှန်ထားပါ ကြောင်း၊ ယနေ့အချိန်တွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင် ရွက်လိုသည့်အတွက်    အားကစားနှင့် လူငယ်ရေးရာ    ဝန်ကြီးဌာနတစ်ခုကို တိုးချဲ့ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊   ယနေ့   စာပေ ဗိမာန်က ဆောင်ရွက်နေသည့် လုပ်ငန်း များတွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို   အခြေခံသည့်   လုပ်နည်းလုပ်ဟန်များ      ပြောင်းလဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊    စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့် စကား အတိုင်း လူငယ်များ  ဘဝတိုးတက်ရေးနှင့် အတွေးအခေါ် အယူအဆမှန်ကန်ရေးကို အားပေးသည့်    စာအုပ်စာစောင်များ၊ လူငယ်များ စိတ်ဝင်စားသည့် ဘာသာရပ် များနှင့်    အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုသည့် စာအုပ်စာစောင် များကို ထားရှိပေးရန် လိုအပ်ပါကြောင်း၊  စာကြည့်တိုက်များက ဝန်ဆောင်မှုပေး ရာတွင်     သမားရိုးကျစာကြည့်တိုက် လုပ်ငန်းများ၊     ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကျေနပ်မနေဘဲ ဒစ်ဂျစ်တယ်နည်းပညာ ကို အခြေခံသည့်  စာကြည့်တိုက်ဝန်ဆောင် မှုလုပ်ငန်းများကို ပြောင်းလဲ၍ ပြည်သူ များအား ဝန်ဆောင်မှုတိုးမြှင့်ရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း  ဆွေးနွေး ပြောကြားပြီး   လိုအပ်ချက်များ   ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။        

 

  သတင်းစဉ်