
နေပြည်တော် ဩဂုတ် ၂၈
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စု များသတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။
ရောက်ရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ ၂၀၀၀၀၀၀ သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့ညနေပိုင်းတွင်ရောက်ရှိရာ ကာကွယ်ဆေးများကို ရန်ကုန် တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူခဲ့ပြီး ရန်ကုန်မြို့ ဗဟိုကာကွယ်ဆေးသိုလှောင်ရုံ၌ ထားရှိသည်။
ဩဂုတ် ၂၉ ရက်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ) ၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူလူထုအား အမြန်ဆုံးထိုးနှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်