ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်  ဩဂုတ်   ၂၈


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့်   မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၇   ရက်တွင်   ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် နန်းတော် စစ်ဆေးရေးဂိတ်မှ    အမျိုးသား ၂၆၄ ဦး၊   အမျိုးသမီး ၂၀၁ ဦး၊ စုစုပေါင်း ၄၆၅ ဦးနှင့်   မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေး ရေးဂိတ်  ရန်လုံကျိုင်းတံတားမှ အမျိုးသားတစ်ဦးတို့ကို လက်ခံခဲ့ သည်။ 
ထိုသို့လက်ခံရာတွင်   သက် ဆိုင်ရာ    ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကကိုဗစ် - ၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွက် စာတမ်းများ   ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီး         ဌာန၏ ညွှန်ကြားချက်များအား ရှင်းလင်း ပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင် မော်တော် ယာဉ်များဖြင့်      ၎င်းတို့နေရပ် အသီးသီးသို့   လိုက်လံပို့ဆောင် ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိ သူများအား   သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ် သည့်   ကျန်းမာရေးဆိုင်ရာများ နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို    အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။    

 သတင်းစဉ်