
နေပြည်တော် ဩဂုတ် ၂၈
မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ် ပေါက်ကုန်းရပ်ကွက်ရှိ မဟာရွှေမင်္ဂလာကျောင်းတိုက်၊ ဒလမြို့နယ် ဓနုတ် စံပြကျေးရွာရှိ ဓနုတ်ကျောင်းတိုက်နှင့် မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မဟာဓမ္မိကာ ရာမတိုက် နံ့သာမြိုင်ဗိုလ်ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မ အလှူငွေများ နှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရှိ သုခဝိဟာရကန်မိန်းကျောင်းတိုက်၊ တာပုံ ကျောင်းတိုက်၊ မြို့မပရိယတ္တိစာသင်တိုက်နှင့် ပန်အုပ် ပရိယတ္တိစာသင်တိုက်များရှိ သံဃာတော်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့ များက ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ အေးရိပ်မွန်မိဘမဲ့ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာရှိ ကလေးငယ် များ၊ ဘိုးသွားရိပ်သာရှိ သက်ကြီးဘိုးဘွားများနှင့် ဝန်ထမ်းများအတွက် ဆေးဝါးများ၊ ဆန်၊ ပဲ၊ စားသောက် ကုန်ပစ္စည်းများနှင့် အလှူငွေများကို ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကလေးတပ်နယ် မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်