ဟားခါး ဩဂုတ် ၂၈
ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ် မှုဖြင့် ဟားခါးမြို့တွင် တာဝန် ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်း များအား ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ ဗိုလ်တိုက် ချွန်းခန်းမနှင့် ခိုင်ကမ်းအားကစား ရုံတို့တွင် ဆီနိုဖမ်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးသည်။
ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှု အခြေအနေ ကို ပြည်နယ်ဝန်ကြီးချုပ် ဦးငွန် ဆန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ကာကွယ်ဆေးထိုးနှံပေး သည့် ကျန်းမာရေးဝန်ထမ်းများ အား ထောက်ပံ့ငွေများ ပေးအပ် သည်။
ထိုသို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ ဆေးရုံကြီးတို့မှ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း ၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့ရှိ နိုင်ငံ့ဝန်ထမ်း များအား သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သတ်မှတ်ဆေးထိုး စုရပ်နေရာများတွင် ထိုးနှံပေးမည် ဖြစ်သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟားခါး မြို့ရှိ နေရာလေးနေရာ၌ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးမှု ဆောင်ရွက်သည့်နေရာ များသို့ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေး စစ်ဆေးပေးသည့် အဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)