
ပုသိမ် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကြံခင်းမြို့ အုတ်ပုံစုပေါင်း စစ်ဆေးရေး ဂိတ်သို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိ မှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်ရဲ တိုက်နယ်ဆေးရုံ၌ ကိုဗစ်ပိုးတွေ့လူနာအခြေ အနေများအား မေးမြန်းပြီး Oxygen Concentrator စက်တစ်လုံးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်ငါးသိန်း ထောက်ပံ့ပေးအပ်ရာ ဘက်ရဲ တိုက်နယ်ဆေးရုံ ဆရာဝန်ကြီး ဦးအောင်မျိုးမြတ်က လက်ခံရယူသည်။
ယင်းနောက် ကြံခင်းမြို့ မြို့မရပ်ကွက် လမ်းမတော်လမ်းနှင့် မြို့ဦးရပ်ရှိ အောက်ဆီဂျင် စက်ရုံ တည်ဆောက်မှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကြည့်ရှုပြီး မြို့နယ်အောက်ဆီဂျင် စက်ရုံ တည်ဆောက်မှုကော်မတီနှင့် တွေ့ဆုံအားပေး စကားပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဆရာဝန်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် အသုံးပြုရန် Oxygen Concentrator နှစ်လုံး၊ PPE အစုံ ၁၀၀ ၊ ပိုးသတ်ဆေးရည် ငါးဂါလန်နှစ်ပုံး အပါ အဝင် ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ပေးအပ်ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်က လက်ခံရယူ သည်။
ထို့နောက် မြန်အောင်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးပစ္စည်း များနှင့် PPE Level 3 ဝတ်စုံ ၅၀ ၊ တိုင်းကျန်းမာရေး ဦးစီးဌာနမှ ပေးအပ်သော Oxygen Concentrator သုံးလုံးနှင့် ဆေးပစ္စည်းများ ၊ ကျန်းမာရေးဝန်ထမ်း များအတွက် အလှူငွေကျပ် ငါးသိန်းကို ပေးအပ်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဝင်းက လက်ခံရယူပြီး ကျန်းမာရေးဝန်ထမ်း များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)