အသိပညာ၊ အတတ်ပညာ ကြွယ်ဝရေး

နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ ကြွယ်ဝရေးသည်   မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သဖြင့်  ပညာရေးကို  အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေဖြင့်ပြဋ္ဌာန်းထားသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်ဟု ပါဝင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့ဒေသအလိုက် ပြည်သူများ၏ ပညာရည်မြှင့်တင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ရန်လိုကြောင်း၊ စာသင်ကျောင်းများ ဥပဓိရုပ်များ ကောင်းမွန် ပြည့်စုံရေး၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများပြည့်စုံရေး၊ အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများရရှိရေးအတွက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် စာမတတ်သူပပျောက်ရေးမှတစ်ဆင့် ပြည်သူများ အခြေခံပညာအလယ်တန်း ပြီးဆုံးသည်အထိ ရည်မှန်းချက်ထားဆောင်ရွက်ကြရန်လိုကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၀-၈-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)