
နေပြည်တော် ဩဂုတ် ၂၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၂၃ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ ၂၃ ခုမှ ORAL-Z Tablet ၇၈၆၀၊ Nutrivit - C Tablet ၅၇၄ ခု၊ Enocard 60 MG Injection ၅၂၅၀၊ Tigevar Injection ၃၂၀၀၊ M-NOXA ၁၂၈၀၀၊ ZINC-C Chewable Tablet ၅၀၀၀၊ Vitamin C+ZINC+Vitamin D3 Tablets ၁၀၀၆၄ ခု၊ Vitamin C 5000 MG Tablets ၁၀၀၃၆ ခု၊ Nasal Cannula ၁၀၈၀၊ Oxygen Concentrator ၄၅၈ ခု၊ Oximeter ၄၈၅ ခု၊ Plastic Connector ၄၀၀၊ Oxygen Mask ၇၅၀၀၊ Oxygen Regulator ၆၀၀၊ Oxygen Concentrator Spare Parts ၁၀၂ ခု၊ Oxygen Regulator Spare Parts ၁၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Concentrator ၃၇၀၊ Gas Cylinder ၄၈၀၊ ဆေးဝါးမျိုးစုံ ၂၁ မျိုး ၁၆၃၈၇၃ ဒသမ ၅၆ kg ၊ နယ်စပ် (တာချီလိတ်၊ မူဆယ် မြဝတီ၊ ချင်းရွှေ ဟော်၊ ကော့သောင်း) တွင် ကုမ္ပဏီ ၄၀ မှ Oxygen Cylinder ၅၅၃၂ ခု၊ Oxygen Concentrator ၄၂၅ ခု၊ Mask ၁၀၈၅၀၇ kg၊ Liquid Oxygen ၁၅၃၁၁ ဒသမ ၇၂ m3 ၊ Liquid Oxygen ၅၉ ဒသမ ၇၁ တန်၊ Flow Meter ၂၆၆၃ ခု၊ PPE ၁၆၀၀၀၊ Oxygen Plant သုံးခု၊ Oxygen Mask ၂၄၀၀၊ Disposable Cap ၁၂၀၀ kg ၊ Air Tank လေးခု၊ Refriger-ated Air Dryer တစ်ခု၊ Oxygen Bag ၅၀၀ kg၊ Oxygen Compressor လေးခု၊ Cylinder Spare Parts ၁၆၀ kg ၊ Face Shield ၁၂၅၀ kg ၊ Gloves ၅၄၄၁ kg ၊ Regulator Valve နှစ်ခု၊ Trolley ၃၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်