ဒေသခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ဆန်၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်   ဩဂုတ်  ၂၂


စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊     ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများနှင့်  ဒေသခံ ပြည်သူများ    စားသောက်ရေးအဆင်ပြေစေရေး အတွက်  တပ်မတော်နှင့်  စေတနာရှင် အလှူရှင် များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။


ထိုသို့ပေးအပ်လျက်ရှိရာ         ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ  ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိ    သက်ကြီးအဘိုး အဘွားများ၊    နိုင်ငံတော်နှင့်    တပ်မတော်အပေါ် အသက်ပေးလှူခဲ့သည့် စစ်သည်များ၏ မိသားစုဝင် များ၊ ဝန်ထမ်းများအတွက် အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့်  နှာခေါင်းစည်းများကိုလည်းကောင်း၊ နှစ်(၆၀)ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အဖြစ်  မွန်ပြည်နယ်  ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)က   မော်လမြိုင်မြို့ရှိ    နယ်မြေခံ တပ်မတော်ဆေးရုံ၊       နယ်မြေခံဆေးတပ်ရင်း၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ကျိုက်မရောမြို့ပြည်သူ့ဆေးရုံသို့ အလှူငွေ၊ အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့်    သောက်ရေသန့်ဘူးများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် တစ်ကိုယ်ရေသုံးကာကွယ် ရေးဝတ်စုံများကိုလည်းကောင်း      သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်း စစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက    အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရ သည်။ 


သတင်းစဉ်