
မော်လမြိုင် ဩဂုတ် ၂၂
မွန်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝ YMBA အသင်း ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၅) တပ်မတော်ဆေးရုံ (ခုတင်- ၃၀၀) တွင် နှစ်(၆၀)ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်း အမှတ် မေတ္တာအခါတော်နေ့၊ YMBA အသင်းအမှုဆောင်အဖွဲ့ဝင် များနှင့် အလှူရှင်များမှ စုပေါင်း၍ မော်လမြိုင်မြို့ အမှတ် (၅)တပ်မတော်ဆေးရုံ၊ ပြည်နယ် အထွေထွေရောဂါကုဆေးရုံကြီး၊ ကျိုက်မရောမြို့နယ် ပြည်သူ့ ဆေးရုံများသို့ အလှူငွေများ၊ ကြက်ဥနှင့် သောက်ရေသန့်များ ပေးအပ်လှူဒါန်းသည်။
လှူဒါန်းပေးရာတွင် ပြည်နယ် ဝန်ကြီးချုပ်က ယနေ့သည် နှစ်(၆၀)ပြည့် နိုင်ငံတော်ဘာသာ နေ့အထိမ်းအမှတ် မေတ္တာ အခါတော်နေ့ဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့မှ လိုအပ်သည်များ ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိ သကဲ့သို့ စေတနာရှင်၊ အလှူရှင်များ နှင့် ပရဟိတလူမှုအဖွဲ့အစည်းများ မှ အခြားလိုအပ်သည်များ ပူးပေါင်း ကူညီဆောင်ရွက်ပေးကြောင်း၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာ ဏယုဝ YMBA အသင်းမှလည်း ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း တပ်မတော်ဆေးရုံ၊ ပြည်သူ့ဆေးရုံ များသို့ အလှူငွေများ၊ ကြက်ဥ၊ သောက်ရေသန့်များ ပေးအပ် လှူဒါန်းမှုအပေါ် ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ရွှေနတ်တောင် ရေသန့်စင်စက်ရုံ ဝင်းအတွင်း ၁ နာရီလျှင် အောက်ဆီ ဂျင် လီတာ ၄၀ အိုး အလုံး ၅၀ ထုတ်ပေးနိုင်မည့် တန် ၂၀ ဆံ့ အောက်ဆီဂျင်(အရည်) စက်ရုံ တည်ဆောက်ပြီးစီးနေမှုကို ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားပြီး စက်ရုံတည်ဆောက်ပြီးစီးပါက လိုအပ်သည့် အောက်ဆီဂျင်များကို မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ တပ်မတော် ဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံများ နှင့် ပရဟိတလူမှုကူညီရေးအဖွဲ့ များသို့ လုံလောက်စွာပေးပို့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။
ခရိုင်(ပြန်/ဆက်)