
နေပြည်တော် ဩဂုတ် ၂၂
တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတို့အား ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၃ စီး၊ သွင်းကုန် ၂၄ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၃၁ စီး ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်း များက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၁ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၀ ဒသမ ၉၀၀ သန်း တန်ဖိုးရှိ တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသော Cotton Bed Sheet (180 U) ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်