စစ်ကိုင်း ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့သည် ဩဂုတ်၂၁ ရက်က မြင်းမူမြို့နယ် ပျော့ရွာ ကျေးရွာရှိ ဧက ၃၆၀၀ အကျိုးပြုမြစ်ရေတင်စီမံကိန်းမှ ရေပေးဝေနေမှုနှင့် စပါးစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျော့ရွာ ကျေးရွာ တောင်သူ ဦးဝင်းလှိုင်၏ စိုက်ပျိုးရေးဦးစီး ဌာနမှ နည်းပညာဖြင့် စိုက်ပျိုးထားရှိသည့် စပါးတင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး စံပြကွက်ကိုလည်း ကောင်း၊ ထီးဆောင်းကျေးရွာအနီး ဒေသနွားမျိုးထိန်း မျိုးပွားနှင့်တိရစ္ဆာန်အာဟာရ ဖွံ့ဖြိုးရေးသုတေသန ခြံသို့ လည်းကောင်း၊ မြင်းမူမြို့ မြောက်ပိုင်းရပ် တောင်သူ ဦးဝင်းမင်းသန်း၏ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာဖြင့် စိုက်ပျိုးထားသည့် ဝါမျိုးသန့်စံပြ စိုက်ခင်း ၁၀ ဧကကို လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)