ပုသိမ်ကြီးမြို့နယ် ပရဟိတအသင်းသို့ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် လာရောက်အားဖြည့်ကူညီ

 

ပုသိမ်ကြီး   ဩဂုတ်   ၂၂


မန္တလေးတိုင်းဒေသကြီး    ပုသိမ် ကြီးမြို့နယ် ရေထွက်ကျေးရွာရှိ မေတ္တာစေတနာရှင် လူမှုကူညီရေး အသင်းရုံးနှင့် အောက်ဆီဂျင်အခမဲ့ ဖြန့်ဖြူးပေးသည့် အသင်းခွဲနေရာ ရွှေလှည်း   (Tea   Garden)    သို့ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင်  ဝေဠုကျော် သည်   ယနေ့နံနက်   ၉  နာရီက ရောက်ရှိပြီး     အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်အချို့အား  တွေ့ဆုံ၍ ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ရေး အသိပညာများ  ပြန်လည်မျှဝေ ပြောကြားသည်။

 


ဆက်လက်၍ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ      ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် မေတ္တာစေတနာ ရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်နှင့် အသင်းသားများ အား   ကိုဗစ်-၁၉  ရောဂါ ကာလ ဖြစ်သည့်အတွက် လူမှုကူညီရေး  ပရဟိတလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် အသုံးဝင်မည့် (PPE)     ဝတ်စုံ       စနစ်တကျ ဝတ်ဆင်ပုံကို  သရုပ်ပြရှင်းလင်း ပြသပေးခဲ့သည်။

 


          ထို့နောက် မေတ္တာစေတနာရှင်  လူမှုကူညီရေးအသင်း၏ နာရေး လမ်းကြောင်း    တစ်ခု၌လည်း အသင်းဝင်များနှင့်အတူ  အသင်း မော်တော်ယာဉ်မောင်းပြီး ပါဝင် အားဖြည့် ဆောင်ရွက်ပေးခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်    ဝေဠုကျော် သည် ဩဂုတ် ၂၁ရက်က ပုသိမ် ကြီးမြို့နယ်အတွင်းရှိ မန္တလေး နည်းပညာတက္ကသိုလ် (MTU)  ၌    ဖွင့်လှစ်ထားသော       ရန်ကင်း ကိုဗစ်စင်တာ(မန္တလေး) သို့လည်း သွားရောက် အားပေးခဲ့ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)