ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၂၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ တော်အတွင်း၌       ကိုဗစ်-၁၉ ကာကွယ်၊   ထိန်းချုပ်၊    ကုသရေး လုပ်ငန်းများအတွက် လိုအပ်လျက် ရှိသည့်   အောက်ဆီဂျင်၊  ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ် မှု  မရှိစေဘဲ  အမြန်ဆုံးဝင်ရောက် နိုင်ရေးအတွက်    လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ   တင်သွင်းခွင့်ပြု ပေးလျက်ရှိရာ    အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ် ကြေညာထားသည့်        ဩဂုတ် ၂၃ ရက်မှ ၃၁ ရက်အတွင်း၌လည်း အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက်    သက်ဆိုင်ရာ ဌာနများမှ    တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့် အညီ     လွယ်ကူမြန်ဆန်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ 


ယနေ့တွင်   ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့် မူဆယ်၊ ချင်းရွှေဟော်၊     မြဝတီ၊   ထီးခီး ကုန်သွယ်ရေးစခန်း လေးခုတို့မှ တင်သွင်းရာ၌  ကုမ္ပဏီ  ၁၆ ခုမှ ယာဉ်စီးရေ  ၃၀ ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် လေးစီး ဖြင့်  ၇၈ တန်၊    အောက်ဆီဂျင် (အရည်)  အိုးဖြင့်      ၇ တန်၊  Oxygen (အရည်) Storage Con-tainerနှင့် Distributor တစ်ခုစီ၊ အောက်ဆီဂျင်(အိုးခွံ) ၄၉၆၄ ခု၊ Oxygen Plant နှစ်ခု၊ အောက်ဆီ ဂျင်ဖြည့်စက်   တစ်ခု၊   အိမ်သုံး Oxygen Concentrator  ၅၉၇ ခု၊ PPE    ဝတ်စုံနှင့်      နှာခေါင်းစည်း (Mask)  များ    တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည်    (Bowser) ယာဉ် လေးစီးမှာ   ရန်ကုန်မြို့သို့ သုံးစီးနှင့် မော်လမြိုင်မြို့သို့တစ်စီး ဖြစ်ပြီး  Oxygen  Plant နှစ်ခုမှာ မန္တလေးမြို့နှင့်   လားရှိုးမြို့သို့ တစ်စီးစီဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉   ကူးစက်ရောဂါ ကာကွယ် ကုသရေး  ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို   အကူအညီလိုအပ်ပါက လည်း   သက်ဆိုင်ရာ   တာဝန်ရှိ သူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်     မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များ ကိုလည်း  ဝန်ကြီးဌာန  Website ဖြစ်သည့်   commerce.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


သတင်းစဉ်