ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဩဂုတ်  ၂၂


ဘုန်းတော်ကြီးကျောင်းများ၊      သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ တွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊    နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်   ကျန်းမာရေး  စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် မွန်ပြည်နယ်   သံဖြူဇရပ်မြို့  သာသနာ့ပါလမွန် ကျောင်းတိုက်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး  အောင်စိုး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက    သံဃာတော်များအား   ဆွမ်းဆန် တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုဆေးဝါး များကို ဆက်ကပ်လှူဒါန်းကြသည်။

 


အလားတူ     ရန်ကုန်တိုင်းဒေသကြီး    မှော်ဘီ မြို့နယ် ပိန္နဲကုန်းကျေးရွာရှိ ဣဒ္ဓိနန္ဒရာမပရိယတ္တိ စာသင်တိုက်၊   ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်းမြို့   ဝိသုဒ္ဓါရုံကျောင်းတိုက်၊   ကျုံပျော်မြို့ ဇေတဝန်ကျောင်းတိုက်၊ အသောကာရာမကျောင်း  တိုက်၊ ဇေယျာသီရိကျောင်းတိုက်နှင့် ပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သီရိမင်္ဂလာသရက်တောကျောင်း တိုက်၊ ပြင်ဦးလွင်မြို့ရှိ ခန္တီးဘုန်းတော်ကြီးကျောင်း၊ အေးမြချမ်းသာသီလရှင်စာသင်တိုက်နှင့် ဇယန်းသာသနာ့ယက္ခိတသီလရှင်စာသင်တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့်   သာသနာ့နွယ်ဝင်   သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများ၊  ကိုဗစ်-၁၉   ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့်   လှူဖွယ်ပစ္စည်း များကို    သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများနှင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်