မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း၌ ဗလမင်းထင်တံတား အမှတ်(၂)တည်ဆောက်လျက်ရှိ

မြစ်ကြီးနား  ဩဂုတ်  ၂၁


ကချင်ပြည်နယ်ဝန်ကြီးချုပ်    ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည်  ယနေ့  မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနားမြို့  စီတာပူရပ်ကွက်   မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနား  လမ်းပေါ်ရှိ  တံတားအမှတ် (၂/၄၈၆)ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးသည်။ 


ကြည့်ရှုစစ်ဆေး


ရှေးဦးစွာ     ကချင်ပြည်နယ်ဝန်ကြီးချုပ်             ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များသည်   ဧရာဝတီမြစ်ကူး တံတား ဗလမင်းထင်တံတားအမှတ်(၂)  မြေစမ်းသပ် ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်  တံတားချဉ်းကပ် လမ်းမြေနေရာများအား     ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များ သည် တံတားအထူးအဖွဲ့(၁) ရှင်းလင်းဆောင်တွင် ဗလမင်းထင်တံတားအမှတ်(၂)  လျာထားတံတား အူကြောင်းပြပုံနှင့်  တံတားပုံစံငယ်အား   ကြည့်ရှု စစ်ဆေးပြီး အဆိုပါ  တံတားတည်ဆောက်နေမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်လမ်းဦးစီးဌာန နှင့် တံတားအထူးအဖွဲ့(၁)မှ  တာဝန်ရှိသူများက လက်ရှိအသုံးပြုလျက်ရှိသည့် တံတားအဟောင်း၏   အောက်ဘက်မီတာ ၄၀ အကွာတွင် တံတားအရှည်  ၃၂၁၂   ပေ ၉၇၉  မီတာနှင့်  အကျယ်ယာဉ်သွား လမ်း ၂၄ ပေ၊ လူသွားလမ်းတစ်ဖက်လျှင် သုံးပေစီ ရှိသော  သံကူကွန်ကရစ် ရေလယ်တိုင်နှင့် ကမ်းကပ်ခုံ၊  Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစား တံတားတည်ဆောက်သွားရန် ဆောင်ရွက် နေမှုအခြေအနေ၊ ကနဦးအကြို အင်ဂျင်နီယာလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများအား ပါဝါပွိုင့် နှင့်တကွ ရှင်းလင်းတင်ပြကြသည်။  
 ပြည်နယ်ဝန်ကြီးချုပ်က  တံတားသစ်စီမံကိန်း လုပ်ငန်းများကို သတ်မှတ်ချက်များအတိုင်း အရည် အသွေးပြည့်မီအောင် တည်ဆောက်သွားရေး၊ တံတား အဟောင်းကိုလည်း  ကြံ့ခိုင်မှုရှိစေရန်  ထိန်းသိမ်း ဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။


အဆိုပါတံတားသစ်စီမံကိန်းကို  ဘဏ္ဍာနှစ် သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး တံတား ၏ခွင့်ပြုအလေးချိန်မှာ ယာဉ်တစ်စီးချင်း  ၇၅ တန် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ တံတားသစ်ပြီးစီး ပါက တံတားအဟောင်းနှင့် အသွားလမ်း/အပြန်လမ်း လေးလမ်းသွားအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း နှင့်  လက်ရှိအသုံးပြုနေသော  ဗလမင်းထင်တံတား သည် နှစ်ပေါင်း ၂၅ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း တံတား ဦးစီးဌာန တံတားအထူးအဖွဲ့(၁)မှ သိရသည်။

 


ပြည်နယ်(ပြန်/ဆက်)