နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  သြဂုတ်  ၂၁ 


နယ်စပ်ရေးရာ   ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည်     ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဘုန်း တော်ကြီးကျောင်း  ခုနစ်ကျောင်း သို့      ဆွမ်းဆန်တော် ၁၀၁ အိတ်၊ ဆီ ပိဿာ ၁၀၀၊ ဆား ပိဿာ၂၁၀၊ ကုလားပဲ ၂၄၅ ပိဿာနှင့် အခြား လှူဖွယ်ပစ္စည်းတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းသည်။


နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် လတ်တလော ဖြစ်ပွား လျက်ရှိသည့် ကိုဗစ် - ၁၉ ရောဂါ ကြောင့် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ ဝါဆိုသံဃာတော်များ နှင့် သီလရှင်များ ဆွမ်းအခက်အခဲ မရှိစေရေးအတွက် စာသင်တိုက် များနှင့် ပရဟိတကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ် လှူဒါန်းလျက်ရှိသည့် အပြင် ဒေသအသီးသီးရှိ ကိုဗစ်- ၁၉  စင်တာများသို့လည်းအာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်      အကာအကွယ်ပစ္စည်း များ ထောက်ပံ့ကူညီပေးလျက်ရှိ ကြောင်း သိရသည်။

သတင်းစဉ်