
စစ်တွေ ဩဂုတ် ၂၁
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက စစ်တွေ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် စစ်တွေမြို့ ကျောင်းတက် လမ်းရပ်ကွက်ရှိ ကျားရုပ်ပရိယတ္တိ စာသင်တိုက်နှင့် ဘောက်သီးစုရပ် ကွက်ရှိ မြို့မပရိယတ္တိစာသင် တိုက်များသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် သံဃာ တော်များကို ဖူးမြော်ကာ ကျောင်း ထိုင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်သံဃာတော် များအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။
ပြည်နယ် အစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေ အနေကြောင့် ဝါတွင်းကာလ အတွင်း ဆရာတော် သံဃာတော် များ ဆွမ်းခံမကြွရောက်နိုင်သည့် အတွက် ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော် များလှူဒါန်းခြင်း စသော သာသနာ နုဂ္ဂဟကုသိုလ်များကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဝါဆိုသံဃာများအတွက် လိုအပ် သောဆွမ်းများ ဆက်ကပ်နိုင်ရေး စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း များနှင့် သီလရှင်ကျောင်းများ အတွက် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပေါ်ဆန်းမွှေးဆန် အိတ် ၁၀၀၀ ကို လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော် သံဃာတော်များအား သွားရောက်ဆက်ကပ်ခြင်းဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းရှိ ဘုန်း ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများကို ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ဘုန်းကြီးကျောင်း များသို့ သွားရောက်ဆက်ကပ် လှူဒါန်းလျက်ရှိကြသည်။
အလားတူ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်မြို့ နယ်လျှင် ငွေကျပ် သိန်း ၂၀ စီ မတည်လှူဒါန်းပေးပြီး သက်ဆိုင် ရာ မြို့နယ်များအလိုက် လှူဒါန်း နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များနှင့် အလှူရှင်များ ပူးပေါင်း၍ လှူဒါန်းလျက်ရှိသည်။
၂၀၂၁ ခုနှစ်တွင် စစ်တွေ မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၃၂၄ ကျောင်း၌ ရဟန်း၊ သာမဏေ ၂၃၃၆ ပါးနှင့် သီလရှင်ကျောင်း ၃၈ ကျောင်း၌ သီလရှင် ၂၉၉ ပါး ဝါဆိုလျက်ရှိရာ ပြည်နယ်အစိုးရ အဖွဲ့မှ အဆိုပါ သံဃာတော် များနှင့် သီလရှင်များအတွက် ပေါ်ဆန်းမွှေးဆန်အိတ် ၁၀၀၀ ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)