
နေပြည်တော် ဩဂုတ် ၂၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ် ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့ စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၂၁ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၁၉ ခုမှ Dexa Methazone Injection ၄၁၃၇၅ ခု၊ Humidifier Bottle တစ်ခု၊ Medical Goggles အခု ၃၀၀၊ Mist Sprayer အခု ၂၈၀၀၀၊ Filter For Oxygen Plant ၁၅၀၀၊ Oximeter ၁၀ ခု၊ Oxygen Concentrator ၆၀၆ ခု၊ Oxygen Mask အခု ၁၁၀၊ Oxygen Regulator ၁၀၄၀ ၊ PPE ၅၀၀၊ Oxygen Concentrator Spare Parts ခုနစ်ခု၊ Thermometer ၁၀၄၀ ၊ ရန်ကုန် ဆိပ်ကမ်းများမှ X-Ray Machine တစ်ခု၊ Oxygen Generator တစ်ခု၊ Oxygen Tank တစ်ခု၊ Oxygen Cylinder ၂၃၉၂ ခု၊ ကိုဗစ်-၁၉ ကာကွယ် ကုသဆေး နှင့် အခြားဆေးမျိုးစုံ ၁၂၂၈၇၂ ဒသမ ၁၃ kg ၊ နယ်စပ်(ချင်းရွှေ ဟော်၊ ကန်ပိုက်တီး၊ မူဆယ်၊ မြဝတီ) တွင် ကုမ္ပဏီ ၅၀ မှ Oxygen Cylinder ၉၀၁၃ ခု၊ Oxygen Concentrator ၅၇၈ ခု၊ Mask ၇၈၇၂၀ kg ၊ Liquid Oxygen ၁၅၃၃၈ m3၊ Flow Meter ၁၁၄၈၃ ခု၊ PPE ၁၂၉၂၅၀ ခု၊ Oxygen Plant ၁၂ ခု၊ Oxygen Mask ၁၉၅၀၀ ၊ Disposable Cap ၁၁၈၅၀ ၊ Air Tank တစ်ခု၊ Oximeter ၂၅၀ ၊ Patient Bed ခြောက်ခု၊ Strilization Gun ၂၀ ၊ Water Tap ၁၂၀၀ kg ၊ Oxygen Bag ၅၀၀၀၊ Oxygen Compressor သုံးခု၊ Goggle ၅၀၀ ၊ Cannula ၁၈၀၀ ၊ Face Shield ၂၉၀၀၊ Gloves ၁၃၃၂၁ ဒသမ ၈ ခု၊ Test Kit အခု ၂၄၀၀၀ ၊ Spirometer ၂၅၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်