တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

 

နေပြည်တော်   ဩဂုတ်   ၂၁


တိုင်းဒေသကြီးနှင့်      ပြည်နယ် အသီးသီးရှိ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ   အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅   နှစ်နှင့်အထက်   သက်ကြီး  ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ တိုင်းရင်းသားပြည်သူများနှင့်  အကျဉ်းထောင်များ၌   ပြစ်ဒဏ် ကျခံနေသည့်       အကျဉ်းသား၊ အကျဉ်းသူများအား  ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံနိုင် ရေးအတွက် ဆေးနှင့်ဆေးပစ္စည်း များကို    တပ်မတော်လေယာဉ် များဖြင့်  သယ်ယူပို့ဆောင်ပေးခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပေး ခြင်းများကို       ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ မဟာဗောဓိ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက် ရှိ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်   သီလရှင်များကို   လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ   ထေရ် ကြီးဝါကြီး  ဆရာတော်ကြီးများ၊ အသက်   ၆၅   နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်       ပြည်သူ စုစုပေါင်း ၄၅၀ တို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်   ၁၃   မြို့နယ်အတွင်းမှ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊   စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၂၉၇   ဦးတို့ကို   လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်   လေးမြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊  စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့်    ပြည်သူ  စုစုပေါင်း ၆၂၇   ဦးတို့ကို   လည်း ကောင်း၊  မန္တလေးတိုင်းဒေသကြီး အတွင်းရှိ   ခရိုင်ခြောက်ခုတို့မှ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊  အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၆၂၀၇ ဦးတို့ကို လည်း ကောင်း   တပ်မတော်  ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး            ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍   ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်