ဗလမင်းထင်တံတားအမှတ် (၂) ကို ဘဏ္ဍာနှစ် သုံးနှစ်အတွင်း တည်ဆောက်မည်

မြစ်ကြီးနား    ဩဂုတ်  ၂၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မန္တလေး-လားရှိုး- ဗန်းမော် - မြစ်ကြီးနားလမ်းပေါ်ရှိ တံတားအမှတ် (၂/၄၈၆) ဗလမင်းထင် တံတားအမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည် ဧရာဝတီမြစ်ကူးတံတား   ဗလမင်းထင် တံတားအမှတ်(၂)            မြေစမ်းသပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တံတားချဉ်းကပ်လမ်းမြေနေရာ  များကို    ကြည့်ရှုစစ်ဆေးကြသည်။   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတား အထူး အဖွဲ့(၁) ရှင်းလင်းဆောင်တွင် ဗလမင်းထင် တံတားအမှတ်(၂) လျာထားတံတားအူကြောင်းပြပုံ နှင့် တံတားပုံစံငယ်ကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါ တံတားတည်ဆောက်နေမှု လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ပြည်နယ်လမ်းဦးစီးဌာနနှင့် တံတားအထူးအဖွဲ့(၁)မှ တာဝန်ရှိသူများက လက်ရှိအသုံးပြုလျက်ရှိသည့် တံတားအဟောင်း၏ အောက်ဘက်မီတာ ၄၀ အကွာ တွင် တံတားအရှည် ၃၂၁၂ ပေ  (၉၇၉) မီတာနှင့် အကျယ်ယာဉ်သွားလမ်း ၂၄ ပေ၊   လူသွားလမ်း တစ်ဖက်လျှင်   သုံးပေစီရှိသော   သံကူကွန်ကရစ် ရေလယ်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစား တံတား တည်ဆောက်ရန်      ဆောင်ရွက်နေမှုအခြေအနေ၊ ကနဦးအကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကို ပါဝါပွိုင့်နှင့်တကွ ရှင်းလင်း တင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီး ချုပ်က      တံတားသစ်စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချက်များအတိုင်း   အရည်အသွေးပြည့်မီ အောင်    တည်ဆောက်ရေး၊   တံတားအဟောင်း  ကိုလည်း ကြံ့ခိုင်မှုရှိစေရန်  ထိန်းသိမ်းဆောင်ရွက် ရေးနှင့်   လိုအပ်သည်များကို    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါတံတားသစ်စီမံကိန်းကို     ဘဏ္ဍာနှစ် သုံးနှစ်အတွင်း  တည်ဆောက်မည်ဖြစ်ပြီး  တံတား၏ ခွင့်ပြုအလေးချိန်မှာ   ယာဉ်တစ်စီးချင်း   ၇၅ တန် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ   တံတားသစ် ပြီးစီးပါက တံတားအဟောင်းနှင့်  အသွားလမ်း/ အပြန်လမ်း    လေးလမ်းသွားအဖြစ်    အသုံးပြုမည် ဖြစ်ကြောင်းနှင့် လက်ရှိအသုံးပြုနေသော ဗလမင်းထင် တံတားသည် နှစ်ပေါင်း  ၂၅ နှစ်ခန့် ရှိနေပြီဖြစ်ကြောင်း တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)မှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)