
နေပြည်တော် ဩဂုတ် ၂၀
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများတွင် အခက် အခဲအမျိုးမျိုး ကြုံတွေ့ရလျက်ရှိ ပြီး စားရေးအခက်အခဲများနှင့် အခြေခံ အိမ်သုံးဆေးဝါးအခက် အခဲများလည်း ရင်ဆိုင်ရလျက် ရှိသည်။
နိုင်ငံတော် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုကို ထိန်းချုပ်နိုင်ရေး အဘက် ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ပြည်သူလူထု ရင်ဆိုင်ကြုံ တွေ့နေရသည့် စားရေးနှင့် အခြေခံအိမ်သုံး ဆေးဝါးများ အလွယ်တကူဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး အတွက်လည်း လုပ်ဆောင်ပေး လျက်ရှိသည်။ ထိုသို့ လုပ်ဆောင် ပေးလျက်ရှိရာ လူဦးရေထူထပ်ပြီး ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်း စားရေးအခက်အခဲ မရှိ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် တို့၏ ဦးဆောင်မှုနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီတို့၏ အစီအစဉ်ဖြင့် ရွေ့လျားဈေးကား Mobile Market စနစ်ဖြင့် အခြေခံ စားကုန်များကို မြို့နယ်အသီးသီးရှိ ဝန်ထမ်းအိမ်ရာ များ၊ လူနေရပ်ကွက်များသို့ သက်သာသောဈေးနှုန်း များဖြင့် သွားရောက်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာတွင် အဓိက စားကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အမယ်စုံပစ္စည်း များ၊ အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို ပြင်ပပေါက်ဈေး ထက် သက်သာသောနှုန်းထားများဖြင့် ရောင်းချ ပေးလျက်ရှိခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှု အခက်အခဲများကြောင့် စားရေးအခက်အခဲဖြစ်ပေါ် နေမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေလျှော့ပေးလျက် ရှိသည်။
ထို့ပြင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကောလာဟလသတင်းအမှားများ၊ သတင်းစကားများ ထွက်ပေါ်နေမှုနှင့် မသမာသူ လူတချို့၏ ဈေးကစားမှုများကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများနှင့် အိမ်သုံးအခြေခံဆေးဝါးများ သဘာဝမဟုတ်သည့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ဈေးနှုန်းမြင့်တက်မှုများ၊ ကုန်ပစ္စည်း ပြတ်လပ်မှုဖြစ်ပေါ်အောင် သိုလှောင်၍ ဈေးကစား မှုများဖြစ်ပေါ်မှုမရှိစေရေးအတွက် ကြပ်မတ်စစ်ဆေး ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်း ပြည်သူ များ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေး၊ ဆေးဝါးများအား အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန် စွာ ဝယ်ယူရရှိနိုင်စေရန်အတွက် အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက် ကမ်းနားလမ်း အမှတ်(၁၀၄/ ၁၀၈ )၌ ဩဂုတ် ၁၉ ရက်မှစ၍ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီ ၂၇ ခုမှ အိမ်သုံးဆေးဝါး ၃၂၃ မျိုးကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသဖြင့် မိဘ ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်