
ရန်ကုန် ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့မွန်းလွဲ ပိုင်းက သုဝဏ္ဏ အားကစားကွင်း၌ ကိုဗစ် - ၁၉ ရောဂါ လူနာကုသရေး စင်တာ ဖွင့်လှစ်ရန်ပြင်ဆင်နေမှု၊ အောက်ဆီဂျင်စက်ရုံ လည်ပတ် နေမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ် ကြီးကြပ်မှုဖြင့် သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏအားကစားကွင်း တွင် အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောင်ရွက်နေသည့် ကိုဗစ် -၁၉ ကုသရေး စင်တာ၌ ရောဂါပိုးတွေ့ လူနာ ၅၀၀ ကုသပေးနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထား ရှိမှု၊ HDU အခန်းနှင့် Oxygen Plant တည်ဆောက်ရန် ပြင်ဆင် ဆောင်ရွက်နေမှုများကို တာဝန်ခံ ဦးကျော်ကျော်ထွန်းက ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်း တို့က စင်တာအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညွှန်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏ ၂၄ ရပ်ကွက် ရေနံ့သာလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သိုလှောင်ရုံတွင် JAZZ 74 Group Companies မှ မတည်၍ စာနာစိတ်ထား ပေးဆပ်သူများ လူမှုကူညီရေး ပရဟိတအသင်းမှ အများပြည်သူများအား ကူညီ ထောက်ပံ့ပေးနိုင်ရေး ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီသို့ လှူဒါန်းထားသည့် အောက်ဆီဂျင်ထုတ် စက်ရုံ၏ စမ်းသပ် လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးရာ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ (ဝဲပုံ) အဆိုပါ Oxygen Plant မှ တစ်နေ့လျှင် လီတာ ၄၀ ဆလင် ဒါအိုး ၁၀၀ ကျော် ထွက်ရှိမည် ဖြစ်ပြီး ရန်ကုန်မြို့တော်နေ ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေး မည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး
(ပြန် /ဆက်)