တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

 

နေပြည်တော်  ဩဂုတ်  ၁၉


တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုး များ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့်  အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊  ကိုဗစ်စင်တာများနှင့်  လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။


ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)  နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးခြောက်လုံး၊ Oxygen  Concentrator နှစ်လုံး၊ Oxygen Regulator ခြောက်ခု၊ အောက်ဆီ ဂျင်ပိုက် ခြောက်ချောင်း၊ အောက်ဆီဂျင်အိုးတင်လှည်း နှစ်စီး၊ Mask ၅၀၀၀ ၊ PPE ဝတ်စုံ ၂၀၀ ၊  လက်အိတ် အစုံ ၂၀၀ နှင့်ဆေးဝါးများကို   လည်းကောင်း၊ နမ္မတူမြို့   ပြည်သူ့ဆေးရုံသို့   အောက်ဆီဂျင်အိုး သုံးလုံး၊ Oxygen  Concentrator တစ်လုံး၊ Flow  Meter သုံးခု၊ အောက်ဆီဂျင်အိုးတင်လှည်း တစ်စီး၊  Mask  ၂၅၀၀ ၊ PPE ဝတ်စုံ ၁၀၀၊ လက်အိတ်အစုံ ၂၀၀ နှင့် ဆေးဝါးများကိုလည်းကောင်း၊   ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့   စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၅) ကျောင်းဆင်းအရာရှိများက လှူဒါန်းသည့်     အောက်ဆီဂျင်အရည်များကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့ရှိ   ပရဟိတအသင်းများသို့   အောက်ဆီဂျင်အိုး    ရှစ်လုံး ကို လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့်   အောက်ဆီ ဂျင်အိုး ၁၀၅ လုံးကိုလည်းကောင်း၊  မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင်  အားကစားကွင်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာရှိ လူနာများအတွက် ကိုဗစ်-၁၉ ရောဂါကုသရေးအထောက်အကူပြု    ပစ္စည်းများ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့  Oxygen  Concen- trator ၁၀ လုံး၊ PPE ဝတ်စုံ ၁၀၀ ၊ Mask ၈၁ ဘူးနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်အသီးသီးမှ   တိုင်းမှူးများနှင့်    နယ်မြေခံ တပ်မတော်သား၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှု ကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက  လက်ခံရယူခဲ့ ကြသည်။


အလားတူ   မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက ငွေကျပ် ၄၁၂၅ သိန်းကို ယနေ့မွန်းလွဲ ပိုင်းတွင်     မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ  မြို့တော်ခန်းမ၌  ပေးအပ်လှူဒါန်းကြရာ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးတို့က  လက်ခံရယူပြီး    ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်၍  ကျေးဇူးတင်စကား   ပြန်လည် ပြောကြားသည်။


ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ   ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ ဖိအားမြင့် အောက်ဆီဂျင်သိုလှောင်ကန်အတွင်းသို့ ကျွမ်းကျင်ပညာရှင်များက အောက်ဆီ  ဂျင်ဖြည့်သွင်းနေမှုများကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး  တောင်ငူမြို့၌ Oxygen Plant စက်ရုံ တည်ဆောက်ပြီးစီးမှုများကို         လည်းကောင်း    သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်   ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက သွားရောက် ကြည့်ရှု၍  လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။          

သတင်းစဉ်