ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

 

ထက်လျှံ

ဒီလိုမျိုးကာကွယ်ဆေးရဲ့ ကောင်းတဲ့အချက်တွေကို သိရှိတဲ့အခါ ကာကွယ်ဆေးထိုးခြင်း ခံယူလိုသူတွေများလာတာနဲ့ အမျှ ကျင့်ဝတ်နဲ့မညီတဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေက ကာကွယ်ဆေးအတုတွေ ရောင်းချလာပါတယ်၊ ဝယ်တဲ့လူတွေကလည်း ဝယ်ယူသုံးစွဲတဲ့ဖြစ်စဉ်တွေ တွေ့လာရပါတယ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ  ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး    ။    ။    နိုင်ငံတစ်ဝန်း    ကိုဗစ် - ၁၉ 
            တတိယလှိုင်း ဖြစ်ပွားနေတာ နဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန     ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကာကွယ်ဆေးတွေကို   စနစ်တကျ    တင်သွင်းဖို့ ကြေညာချက်တွေ ထုတ်ပြန်ထားတာရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး    ။    ။    ကိုဗစ် - ၁၉    ရောဂါ 
            ကာကွယ်ဆေး အတု တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့           အချက်တွေရှိပါတယ်။   ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး တင်သွင်းရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့    ပတ်သက်ပြီး      ဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို တင်ပြပေးသွားမှာ ဖြစ်ပါ တယ်။     နောက်တစ်ခုက   ဈေးကွက်အတွင်းမှာ အခြေခံအိမ်သုံးဆေးဝါးတွေ    ဈေးကြီးမြင့်နေမှုနဲ့ ပတ်သက်ပြီး ပြည်သူများ သိရှိသင့်တဲ့ ကျန်းမာရေး အသိပညာ အခြေခံအချက်အလက်တွေကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့    ဩဂုတ်လ  ၁၂ ရက် ရက်စွဲနဲ့ “ပြည်သူသို့ အသိပေးချက်” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို နိုင်ငံပိုင်မီဒီယာတွေကနေ  ထည့်သွင်းဖော်ပြလျက်ရှိပါတယ်။   ဒါကိုတင်ပြ ရရင် “ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းအတွက် ကမ္ဘာ့ကျန်းမာရေး  အဖွဲ့မှ   အသိအမှတ်ပြုထားသော   အရည်အသွေး ကောင်းမွန်၍ ဘေးကင်းစိတ်ချရသော ကာကွယ် ဆေးများ ဝယ်ယူ၍ ဦးစားပေးအုပ်စုများ သတ်မှတ် ကာ ကိုဗစ် - ၁၉ ရောဂါကြောင့် သေဆုံးမှု ကျဆင်း ရေး၊   ကူးစက်မှုကွင်းဆက်  ပြတ်တောက်ရေးနှင့်  စီးပွားရေးလုပ်ငန်းများ    ပြန်လည်ထူထောင်ရေး  ဦးတည်ချက်များထားရှိကာ Coronavirus Disease 2019  (COVID – 19)  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏   ဦးဆောင်မှုဖြင့်  ပြည်သူ လူထုအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။ ကာကွယ်ဆေးများ ထိုးနှံ ရာတွင်   အရည်အသွေးကောင်းမွန်၍ ဘေးကင်း စိတ်ချရသော      ကာကွယ်ဆေးများ   ဖြစ်စေရန် ထုတ်လုပ်သည့်ကုမ္ပဏီများမှတရားဝင်ရောင်းချ ပြီး အအေးလမ်းကြောင်းမပြတ် ထားသိုသိမ်းဆည်း ထားသည့်   ကာကွယ်ဆေးများဖြစ်ရန်    လိုအပ်ပါ သည်” ဟု ဖော်ပြထားပါတယ်။
ဒါက တော်တော် အရေးကြီးပါတယ်။ အဓိက  ထုတ်လုပ်တဲ့ကုမ္ပဏီကနေပြီး    တရားဝင်မြန်မာ  နိုင်ငံမှာ ရောင်းပါဆိုပြီး Letter of Authorization  (LoA) ခေါ်ပါတယ်။ ဒီလိုမျိုးပေးထားတဲ့ တင်သွင်း  သူဖြစ်ဖို့ လိုပါတယ်။ ဒါက နံပါတ် ၁ အရေးကြီးဆုံး  အချက်ဖြစ်ပါတယ်။  နောက်တစ်ခုက  ဒီဆေးကို  မြန်မာနိုင်ငံအတွင်းမှာ တရားဝင်ရောင်းချရမယ်၊ အအေးလမ်းကြောင်း   မပြတ်ဖို့ဆိုတာ  ပါပါတယ်။ အအေးလမ်းကြောင်းသည်     ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံစိတ်ချရမှု၊         ဆေးအာနိသင် ထက်မြက်မှုနဲ့ အရည်အသွေး ကောင်းမွန်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။
ဒါ့အပြင်   ပြည်သူလူထုသို့  အသိပေးချက်တွင် “ယခုအခါ   ဈေးကွက်အတွင်းမှာ   ကာကွယ်ဆေး အတုအပများ    Online     မှတစ်ဆင့်သော်လည်း ကောင်း၊ အခြားနည်းလမ်းဖြင့်သော် လည်းကောင်း ရောင်းချလက်ရှိကြောင်း၊  အဆိုပါ  ကာကွယ်ဆေး များသည် တရားဝင်တင်သွင်းလာသည့် ကာကွယ်  ဆေးများ  မဟုတ်သောကြောင့်  ရောဂါကာကွယ် နိုင်ခြင်းမရှိသည့်အပြင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်  သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကို  သာ    ထိုးနှံကြပါရန်    တိုက်တွန်းနှိုးဆော်အပ်ပါ သည်။   ကာကွယ်ဆေးအတုအပများ  တင်သွင်း၍  ရောင်းချခြင်း သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် “ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးများ တင်သွင်းဖြန့်ဖြူးရာတွင် လိုက်နာရမည့်  အချက်များ” အား လိုက်နာခြင်းမရှိဘဲ တင်သွင်း ဖြန့်ဖြူးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက် စွာ    အရေးယူ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။     ကျန်းမာရေးဝန်ကြီးဌာန (၁၂ - ၈ - ၂၀၂၁)” ဟု ထုတ်ပြန်ထားတာ ရှိပါတယ်။
အဓိက  ကာကွယ်ဆေးက  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးအတွက် အလွန်ကောင်းမွန်ပါတယ်။  ရေရှည်မှာလည်း     ဒီကာကွယ်ဆေး    ရှိမှသာလျှင် ရောဂါဖြစ်ပွားမှု  လှိုင်းတွေကို ကာကွယ်နိုင်မယ်၊ ကာကွယ်ဆေးထိုးထားရင် ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားတာ၊  ဆေးရုံတက်ရောက်ရတာ၊  ရောဂါ ကြောင့် အသက်သေဆုံးရတာတွေကို လျှော့ချနိုင် တယ်ဆိုတာက တစ်ကမ္ဘာလုံး သိရှိပြီးသား အချက် တွေဖြစ်ပါတယ်။   ဒီလိုမျိုး    ကာကွယ်ဆေးရဲ့ ကောင်းတဲ့အချက်တွေကို သိရှိတဲ့အခါ ကာကွယ် ဆေးထိုးခြင်း   ခံယူလိုသူတွေ    များလာတာနဲ့အမျှ ကျင့်ဝတ်နဲ့မညီတဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ တွေက ကာကွယ်ဆေးအတုတွေ ရောင်းချလာပါ တယ်။   ဝယ်တဲ့လူတွေကလည်း   ဝယ်ယူသုံးစွဲတဲ့ ဖြစ်စဉ်တွေ တွေ့လာရပါတယ်။
အဲဒီအခါမှာ ကာကွယ်ဆေးအတုတွေကြောင့် တကယ့်ကာကွယ်ဆေးအစစ်ရဲ့  အာနိသင်ဖြစ်တဲ့ ရောဂါကာကွယ်မှု    မရရှိဘဲ   တစ်နည်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ ကိုဗစ်-၁၉ ရောဂါကို ကာကွယ် ပေးမယ့်    ပဋိပစ္စည်းတွေ      ထွက်လာမှုမရှိဘဲနဲ့ အန္တရာယ်ပဲ   ဖြစ်စေမယ်ဆိုရင်  ဒါသည်ကျင့်ဝတ်  အရလည်း မဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်ပါတယ်။  ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ လူထုသို့    အသိပေးချက်ဆိုပြီး     ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့     ပြည်သူသို့အသိ ပေးချက်ထဲမှာလည်း    “ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေးများ    တင်သွင်း  ဖြန့်ဖြူးရာတွင် လိုက်နာရမည့်အချက်များ” လို့ ရည်ညွှန်းထားတာ ပါပါတယ်။ ဒါကိုစနစ်တကျ လိုက်နာရမှာ ဖြစ်ပါ တယ်။ ဒီလိုက်နာရမည့် အချက်တွေနဲ့ ပတ်သက်ပြီး  ဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ထားတာ ရှိပါတယ်။  ဩဂုတ်လ ၁၁ ရက် ရက်စွဲနဲ့ “ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ         တင်သွင်းဖြန့်ဖြူးရာတွင် လိုက်နာရမည့်အချက်များ” ဆိုပြီး ထုတ်ပြန်ခဲ့တာ ရှိပါတယ်။
အဲဒီမှာ “ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များ၊ လူမှု ရေးအသင်းအဖွဲ့များ၊   ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာနှင့် အာရှဒေသ တွင်    ထိုးနှံဆောင်ရွက်နေသော   အရည်အသွေး အာနိသင်ရှိပြီး    ဘေးအန္တရာယ်    ကင်းရှင်းသည့် ကိုဗစ် - ၁၉  ရောဂါ  ကာကွယ်ဆေးများကို မိမိတို့ အစီအစဉ်ဖြင့်  တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်း    ဆောင်ရွက်လိုပါက     အောက်ပါ သတ်မှတ်ချက်များနှင့်အညီ  လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါသည်” ဆိုပြီး ကာကွယ်ဆေးတင်သွင်း  ရာတွင်    လိုက်နာရမည့်အချက်တွေ    ၁၁   ချက် ရှိပါတယ်။ 
ဒီလိုက်နာရမည့်အချက် ၁၁ ချက်ထဲမှာ နံပါတ်  ၁  အချက်က  အရေးကြီးပါတယ်။  ဒါက  အစား အသောက်နှင့်    ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို လျှောက်ထားရပါမယ်။ ဒီလိုလျှောက်ထားတဲ့အခါ  လိုအပ်တာက Letter of Authorization from  Owner  ဆိုတဲ့  မူလကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကနေပြီး သူ့ရဲ့ ကာကွယ်ဆေးကို မြန်မာ နိုင်ငံမှာ ရောင်းချခွင့်ပြုတယ်ဆိုတဲ့ အသိအမှတ် ပြုတဲ့စာ ဒါက အရေးကြီးပါတယ်။ ဥပမာ - Sino-pharm   ကာကွယ်ဆေးတွေကို    မြန်မာနိုင်ငံမှာ ဒီပုဂ္ဂိုလ်ကို မြန်မာနိုင်ငံအတွက် တင်သွင်းရောင်းချ ခွင့်ပြုတယ်ဆိုတဲ့   မူလထုတ်လုပ်တဲ့   ကုမ္ပဏီက အသိအမှတ်ပြုတဲ့ စာရွက်စာတမ်းလိုအပ်ပါတယ်။ သို့မဟုတ်ပါက   မူလကာကွယ်ဆေး   ထုတ်လုပ်တဲ့ ကုမ္ပဏီက   အသိအမှတ်မပြုဘဲ တခြားနည်းလမ်း ဖြင့်ရတာ   တစ်နည်းအားဖြင့်စထွက်တဲ့   နေရာမှာ ကတည်းက အတုဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးမဖြစ် အောင်ပါ။ ဒါက နံပါတ် ၁ အရေးကြီးဆုံး ဖြစ်ပါ တယ်။ ကာကွယ်ဆေး စတင်ထုတ်လုပ်တဲ့နေရာက အသိအမှတ်ပြုရမယ်။ မူရင်းကုမ္ပဏီရဲ့ Letter of Authorization (LoA) ပါရပါမယ်။
ဒါ့အပြင် NRA လို့ခေါ်တဲ့ National Regulatory Authority   သို့မဟုတ်   Food   and    Drug Administration ပါ။ သက်ဆိုင်ရာနိုင်ငံရဲ့ FDA သို့မဟုတ်    ကာကွယ်ဆေးနဲ့ပတ်သက်ပြီး     အသိ အမှတ်ပြုတဲ့ အစိုးရအဖွဲ့အစည်းကနေ အသိအမှတ် ပြုတာရှိရမယ်။ ကာကွယ်ဆေးထုတ်လုပ်သူတွေရဲ့  ကုမ္ပဏီ Profile ကလည်း ကောင်းမွန်ရမယ်။ GMP Certificate လို့ခေါ်တဲ့ Good Manufacturing Practices Certificate ထုတ်လုပ်မှု နည်းလမ်းစဉ် ကောင်းမွန်တဲ့   လက်မှတ်တွေ   တင်ပြနိုင်ရမယ်။ Product Characteristics ဆိုတာ တစ်နည်းအားဖြင့် ဒီအထဲမှာ  ပါဝင်တဲ့ဆေးရဲ့  အမည်တွေ၊  အထဲမှာ ဘာတွေ     ပါဝင်တယ်ဆိုတာမျိုး   စုံစုံလင်လင် ပါရမယ်။ 
နောက်တစ်ခုက   Batch  or  Lot   Number ဖြစ်ပါတယ်၊     ဒီလိုဆေးတွေကို   ထုတ်တဲ့အခါ အတွဲလိုက်      ထုတ်ရပါတယ်။     ဒီအပေါ်မှာ  မူတည်ပြီး    ဆေးက    အာနိသင်ပိုကောင်းလား၊  တစ်ခါတလေ   ဆေးက   အာနိသင်     နည်းသလား    ဒါတွေမှာ       ပြန်ကြည့်ဖို့လိုအပ်တဲ့အခါ     Batch Number / Lot Number က အရေးကြီးပါတယ်။ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကလည်း  သူ့ရဲ့ထုတ်လုပ် မှု နည်းလမ်းစဉ်မှာကို အပြစ်တစ်ခုခုတွေ့ရတတ် ပါတယ်။ ဒီ Batch က မကောင်းဘူး ပယ်ဖျက်မယ် ဆိုပြီး ဘယ်နိုင်ငံကို ဆေးက  ရောက်နေသလဲဆိုတာ  လိုက်လံစစ်ဆေးကြည့်ဖို့အတွက် Batch Number/ Lot Number  က အရေးကြီးပါတယ်။
နောက်ပြီး Patient Information ဖြစ်တဲ့ လူနာ  တွေအနေနဲ့ လိုက်နာရမယ့်အချက်တွေ ပါဝင်တဲ့ ကာကွယ်ဆေးရဲ့ ဆေးညွှန်းနဲ့ အကျိုးသက်ရောက် မှုတွေ     ဖော်ပြထားတဲ့     စာရွက်ဖြစ်ပါတယ်။ ဒီစာရွက်ထဲမှာ   ကာကွယ်ဆေးရဲ့    အာနိသင်၊      ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆေးမထိုးသင့်သူတွေ ဒါတွေ ပါဝင်ပါတယ်။   Container   Labeling    ဆိုတာ ကွန်တိန်နာထဲမှာပါတဲ့            တံဆိပ်ဖြစ်ပါတယ်။ Storage and Distribution Plan က ဆေးကို ဘယ်လိုမျိုးသိုလှောင်ထားမလဲ၊ ဘယ်လိုမျိုးဖြန့်ဖြူး မလဲ ဒီအချက်အလက်တွေ လိုအပ်ပါတယ်။ အားလုံး ပြန်ကြည့်လိုက်ရင်  နံပါတ် ၁ အချက်မှာ အချက် ၈ ချက် ရှိပါတယ်။ 
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒါကိုထုတ်ပြန် ရတဲ့      ရည်ရွယ်ချက်က    နိုင်ငံတကာမှာလည်း ကာကွယ်ဆေး တင်သွင်းထိုးနှံခြင်းကို ကုမ္ပဏီတွေ အနေနဲ့  (သို့မဟုတ်)  အစိုးရမဟုတ်တဲ့  ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍကနေ ဆောင်ရွက်တာရှိပါတယ်။ ကာကွယ်ဆေးရဲ့   သဘောကိုက    လူသားတွေရဲ့ ကျန်းမာရေးကို   အကျိုးပြုတဲ့   Public    Good တစ်ခုပါ။ အများပြည်သူက သုံးစွဲနိုင်တဲ့ပစ္စည်းလည်း ဖြစ်ရမယ်။ ဒီအခါ နိုင်ငံတော်အစိုးရအနေနဲ့ ထိုးနှံ ပေးခြင်းတွေအပြင်  ပုဂ္ဂလိကကဏ္ဍကလည်း စနစ် တကျ  အရည်အသွေးရှိရှိ၊  ကောင်းကောင်းမွန်မွန် ထိုးနှံပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွင်း မှာ ကာကွယ်ဆေးရဲ့ လွှမ်းခြုံနိုင်မှုအနေနဲ့ တိုးတက် မှု မြန်မြန်ရရှိမှာ   ဖြစ်ပါတယ်၊   နိုင်ငံတော်အနေနဲ့ ထိုးနှံပေးမယ်၊ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍကလည်း ထိုးမယ်ဆိုရင် ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းမွန် သွားမှာ  ဖြစ်ပါတယ်။  ဒီလိုရရှိအောင် ဆောင်ရွက် တဲ့အခါ     ကာကွယ်ဆေးအတုတွေ     ဝင်လာပြီး နည်းလမ်းမကျ၊ စနစ်မကျတာတွေ မဖြစ်စေရေး အတွက်   စနစ်တကျနဲ့     ပူးပေါင်းဆောင်ရွက်ပြီး အရည်အသွေးအပြည့်နဲ့    ဘေးကင်းစိတ်ချရတဲ့၊ အာနိသင်ထက်မြက်တဲ့       ကာကွယ်ဆေးတွေကို ပြည်သူတွေ အမြန်ရရှိဖို့အတွက် ဝန်ကြီးဌာနအနေနဲ့ ဒီလိုလမ်းညွှန်ချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။ 
အခြားအချက်တွေအနေနဲ့ တင်သွင်းခွင့်ပြုပြီး ရရှိရင်  FDA   ကို   အဆိုပြုတင်ပြထားလို့  ခွင့်ပြု  ချက်ရထားတဲ့ ဆေးရုံ၊ ဆေးခန်းမှာ ထိုးနှံရမယ်။ FDA ရဲ့ သတ်မှတ်ချက်အရ ပြင်ပဆေးဆိုင်တွေမှာ မရောင်းရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါသည်ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရေးပေါ်အသုံးပြုခွင့်ပဲ ရသေးတယ်။ Full Authorization  မဟုတ်သေး တဲ့အတွက် အပြင်ဆေးဆိုင်တွေကို လုံးဝ (လုံးဝ)  ဖြန့်ဖြူးရောင်းချခွင့်  မရှိပါဘူး။ သတ်မှတ်ထားတဲ့ စုရပ်တွေနဲ့  သတ်မှတ်ထားတဲ့  အစီအစဉ်အတိုင်း ထိုးရမယ်။  နောက်ပြီး   ပြည်သူလူထုကို   ကြိုတင် အသိပေးတာ၊ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်ထားတာ တွေကို တင်ပြဖို့လိုပါတယ်။ 
နံပါတ်   ၅   အချက်မှာ    ကာကွယ်ဆေးကို  တင်သွင်းဖြန့်ဖြူးခွင့်ရရှိသူသည် ဆေးဝါးတင်သွင်းခွင့်  လက်မှတ်ရရှိထားသူ ဖြစ်ရမယ်။ အမျိုးသားဆေးဝါး ဥပဒေနှင့် အမိန့်ကြေညာစာပါ စည်းကမ်းချက်များ ကို လိုက်နာရမယ်။ ကာကွယ်ဆေးများ သိုလှောင်ရာ တွင် အသုံးပြုသည့် အအေးလမ်းကြောင်းမပြတ်ဖို့  အသေးစိတ်တင်ပြထားတာရှိတယ်။ ကာကွယ်ဆေး အမျိုးအစားအလိုက် အအေးလမ်းကြောင်းထိန်းတဲ့ စနစ်က အလွန်အရေးကြီးပါတယ်။ အချို့ကာကွယ် ဆေးဆိုရင် အပေါင်း ၂ မှ ၈ ဒီဂရီအထိ ထားပေး ရတယ်။ အချို့ကာကွယ်ဆေးတွေဆိုရင် တော်တော် အေးမှရတယ်။  အနုတ် ၇၀  ဒီဂရီစင်တီဂရိတ်ထိထားရတာတွေရှိတယ်။    ဒါကြောင့်     လိုအပ်တဲ့ သင်တန်းပေးခြင်း၊   ရေခဲသေတ္တာများ  တပ်ဆင် ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဆေးက မတော်တဆနဲ့ထားရမယ့် အပူချိန်မှာ မရှိရင်   အေးလွန်းသွားလို့   ဆေးက   ခဲသွားရင် မကောင်းတော့တာ၊   ပူလွန်းရင်လည်း    ဆေးရဲ့ အာနိသင်  ပျက်သွားတာရှိပါတယ်။   အအေးလမ်း ကြောင်း မပြတ်ဖို့က အလွန်အရေးကြီးပါတယ်။  သိုလှောင်ခြင်း၊    ပို့ဆောင်ခြင်းတွေကို    အအေး လမ်းကြောင်းမပြတ် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။   အအေးလမ်းကြောင်းကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကို  ခန့်ပြီး   ဆောင်ရွက်ရမှာ    ဖြစ်ပါတယ်။    အအေး လမ်းကြောင်းမှတ်တမ်းကို အပူချိန်မှတ်တမ်းလို့ ခေါ်ပါတယ်။ ဒါကိုသက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တောင်းခံစစ်ဆေးပါက အချိန်မရွေး  တင်ပြနိုင်ဖို့ စီစဉ်ထားရမယ်။ လိုအပ်ရင် ကျန်းမာ ရေးဝန်ကြီးဌာနက       အွန်လိုင်းသင်တန်းပေးမှာ ဖြစ်ပါတယ်။ 
နောက်တစ်ခုက    ကာကွယ်ဆေးထိုးနှံပြီးရင်  သတင်းပို့တဲ့ စနစ်ပါ။ နေပြည်တော်၊ တိုင်းဒေသ ကြီးနဲ့  ပြည်နယ်  ကိုဗစ် - ၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနဲ့  ချိတ်ဆက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ Vaccine Management Information System ကာကွယ်ဆေးထိုးနှံတာနဲ့ ပတ်သက်တဲ့ သတင်းပို့ စနစ်ကို အချက်အလက်တွေ ထည့်သွင်းပေးရပါမယ်။ ဒါမှ   စာရင်းဇယားတွေ  အားလုံးက  တစ်နေရာ တည်းမှာ     စုစုစည်းစည်းဖြစ်မှာ    ဖြစ်ပါတယ်။ သီးခြားစနစ်ထူထောင်ပြီး မှတ်ပုံတင်တာ၊ ကာကွယ် ဆေးမှတ်တမ်းထုတ်တာတွေကို မပြုလုပ်ရပါဘူး။ နောက်ပိုင်း   နိုင်ငံခြားသွားမယ်ဆိုရင်   ကာကွယ် ဆေးထိုးနှံပြီးစီးမှု လက်မှတ်လိုတဲ့အခါ National System ထဲမှာ ဝင်သလား၊ မဝင်ဘူးလားဆိုတာ စကားပြောလာမှာဖြစ်ပါတယ်။ ဒါကြောင့် သတင်းပို့ စနစ်တစ်ခုတည်းမှာ ပူးပေါင်းဆောင်ရွက်ရပါမယ်။ 
ကာကွယ်ဆေးထိုးနှံရာမှာ ပူးပေါင်းဆောင်ရွက် ရမယ့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆေးထိုး စုရပ်များရဲ့  အမည်စာရင်းကို ကျန်းမာရေးဝန်ကြီး ဌာနကို တင်ပြပြီး ခွင့်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးမည့်သူတွေဟာ ကာကွယ် ဆေးထိုးနှံခြင်းနဲ့        ပတ်သက်၍လည်းကောင်း၊ ကာကွယ်ဆေးထိုးပြီး  နောက်ဆက်တွဲဖြစ်ရပ်များ ကို စီမံခန့်ခွဲခြင်း သင်တန်းတက်ရောက်ပြီးသူများ သာ  ဖြစ်ရမယ်။  လိုအပ်ပါကလည်း  ကျန်းမာရေး ဝန်ကြီးဌာနက သင်တန်းပို့ချပေးမှာ ဖြစ်ပါတယ်။ 
ကျန်းမာရေးဝန်ကြီးဌာနက  ကာကွယ်ဆေး ထိုးပေးသူများအား   ပုဂ္ဂလိက   အစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခွင့်မပြုဘူး လို့ ပါပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ် လာနိုင်သည့်    အခြေအနေများနှင့်   ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုခြင်း၊ သတင်းပို့ခြင်းကို ကျန်းမာ ရေး ဝန်ကြီးဌာနရဲ့ သတင်းပို့စနစ်အတိုင်း ဆောင် ရွက်ရမှာ    ဖြစ်ပါတယ်။     ကာကွယ်ဆေးထိုးပြီး ပြင်းထန်တဲ့  နောက်ဆက်တွဲဖြစ်ရပ်တွေ  ဖြစ်ပေါ် လာပါက သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့    ချက်ချင်းသတင်းပေးပို့ရမှာ   ဖြစ် ပါတယ်။ 
နံပါတ် ၁၁ အချက်က တင်သွင်းမယ့် ကာကွယ် ဆေးတွေနဲ့ပတ်သက်ပြီး    ကာကွယ်ဆေး   အစစ် အမှန်ဖြစ်ခြင်း၊   ကာကွယ်ဆေးများ    အသုံးပြု၍ ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ဖြစ်ရပ်များကို တင်သွင်းသူများက တာဝန်ယူကြောင်း ကတိခံဝန် ချက်ကို လက်မှတ်ရေးထိုး၍ တင်သွင်းခွင့်လျှောက်  ထားရမှာ   ဖြစ်ပါတယ်။   ဒါက    ကာကွယ်ဆေး တင်သွင်းထိုးနှံရာမှာ   လိုက်နာရမယ့်အချက်တွေ ဖြစ်ပါ တယ်။ 
နောက်တစ်ခုက  လူမှုရေးအသင်းအဖွဲ့တွေနဲ့  ပတ်သက်ပြီး    တင်ပြထားတာလည်း   ရှိပါတယ်။ သဘောတရားက  တူညီနေလို့   ကျွန်တော့်အနေနဲ့ အသေးစိတ် မပြောတော့ပါဘူး။ အဓိက ကာကွယ် ဆေးအတုတွေကို   ယုံပြီး     မထိုးမိဖို့လိုပါတယ်။  ကာကွယ်ဆေးအတုတွေကို တင်သွင်းရောင်းချခြင်း  မပြုဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။ ဒါသည် လူ့အသက်ကို ခုတုံးလုပ်ပြီးစီးပွားရှာတဲ့ကိစ္စဖြစ်လို့ မသင့်တော်ပါဘူး။      ကာကွယ်ဆေးအတုတွေကို  တင်သွင်းရောင်းချခြင်းမပြုဖို့ ပြည်သူတွေအနေနဲ့  စိတ်မချရတဲ့   ကာကွယ်ဆေးတွေ၊  ခုနတင်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ ကာကွယ်ဆေး  တွေကို ထိုးနှံခြင်းမပြုဖို့ ကျွန်တော့်အနေနဲ့ အဓိက  သတင်းစကားပေးလိုပါတယ်။
အရည်အသွေးကောင်းမွန်၊ အာနိသင်ထက်မြက်၊ ဘေးကင်းလုံခြုံစိတ်ချရတဲ့ ကာကွယ်ဆေးတွေကို ပြည်သူတွေ စနစ်တကျရရှိရေးအတွက် အသိပေး၊ သတိပေးခြင်း ဆောင်ရွက်တာတွေအပြင် နိုင်ငံတော် အနေနဲ့     ပုဂ္ဂလိကကဏ္ဍအတွက်        တရားဝင် လမ်းကြောင်းတွေ     ဖွင့်ထားပေးတယ်ဆိုတာကို တင်ပြခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက ဒီလို ပထမလှိုင်း၊ ဒုတိယလှိုင်း နဲ့  တတိယလှိုင်းဖြစ်ပွားမှုတွေမှာ  တတိယလှိုင်း ဖြစ်စဉ်က ကူးစက်မှုလည်းမြန်တယ်။ ဆက်တိုက် ကူးစက်မှုတွေကလည်း များတယ်။ ဖြစ်ပွားတဲ့သူ  များလာတာနဲ့အမျှ   အခြေခံအိမ်သုံးဆေးဝါးတွေ ဈေးတက်တဲ့ကိစ္စတွေလည်း  ရှိပါတယ်။  ဆေးဝါး တွေ ဝယ်ယူရာမှာ ကျွန်တော့်အနေနဲ့ ပြည်သူများ  သိရှိသင့်တဲ့ ကျန်းမာရေးအသိပညာ အခြေခံအချက် အလက်တွေကို      အကြမ်းဖျင်း   တင်ပြလိုတာက  ကိုယ်ဝယ်ယူတဲ့ဆေးဆိုင်က စနစ်တကျမှတ်ပုံတင် ထားတဲ့ ဆေးဆိုင် ဟုတ်၊ မဟုတ် အရင်ကြည့်ဖို့ပါ။
လိုင်စင်သက်တမ်းရှိတဲ့    ဆေးအရောင်းဆိုင် သို့မဟုတ် လုပ်ငန်းကုမ္ပဏီ၊ အဓိက တရားဝင်ဖြစ်ဖို့ လိုပါတယ်။   တရားဝင်ဖြစ်ကြောင်း   အထောက် အထားရှိဖို့   လိုပါတယ်။  ဒီလိုဆေးဆိုင်မျိုးဖြစ်ဖို့ လိုပါတယ်။ အွန်လိုင်းကနေ တရားမဝင်ရောင်းချတဲ့၊  အာမခံချက်မပေးနိုင်တဲ့ မည်သည့်ဆေးဝါး ဆေး ပစ္စည်းကိုမဆို ဝယ်ယူသုံးစွဲခြင်းက လုံးဝရှောင်ကြဉ် သင့်ပါတယ်။  ဆေးတွေနဲ့ပတ်သက်ပြီး  အွန်လိုင်း ဈေးကွက်က    ရောင်းတာလည်း   ဖြစ်နေတယ်။ ဒါပေမယ့် အာမခံချက်ပေးနိုင်လားဆိုတော့ မပေး နိုင်ဘူး၊ တရားဝင်လားဆိုတော့ မဝင်ဘူး၊ အန္တရာယ် ဖြစ်ရင်တောင် ဘယ်သွားပြောရမှန်းမသိဘူး ဆိုတာ မျိုး ဖြစ်နေပါတယ်။ အွန်လိုင်းကနေ တရားမဝင် ရောင်းချတဲ့  ဆေးတွေကို  လုံး‌ဝသုံးစွဲခြင်းမပြုဖို့၊  တရားဝင်လိုင်စင်သက်တမ်းရှိတဲ့    ဆေးဆိုင်ကပဲ  ဝယ်ယူဖို့ ဦးစွာတင်ပြလိုပါတယ်။ 
နောက်တစ်ခုက မိမိဝယ်ယူသုံးစွဲတဲ့ ဆေးကတ်  သို့မဟုတ် ဘူးခွံအပေါ်မှာ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက  အသိအမှတ်ပြုတဲ့ မှတ်ပုံတင်လက်မှတ် Myanmar Registration Number  ပါ/မပါ ကြည့်ရပါမယ်။ နောက်ပြီး   ထုတ်လုပ်တဲ့ရက်၊  သက်တမ်းကုန်ဆုံး မယ့်ရက်တွေကို ရှင်းလင်းစွာ ဖော်ပြထားရမယ်။ ထုပ်ပိုးမှုစနစ် ကောင်းမွန်ပြီး ဆေးညွှန်းအမှတ် အသားတွေ၊ ပါဝင်ပစ္စည်းတွေကို ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားရပါမယ်။        ဆရာဝန်ညွှန်းဆိုမှုနဲ့ သောက်ရမယ့်ဆေးတွေဆိုရင် တတ်ကျွမ်းနားလည် တဲ့ ဆေးပညာရှင်ရဲ့ ညွှန်ကြားမှု၊ တိုင်ပင်မှုနဲ့ ဝယ်ယူ သင့်ပါတယ်။ 
ဆေးဈေးအလွန်ကြီးမြင့်ပြီး    လတ်တလော ဝယ်ယူရန် ရှားပါးတဲ့ နာမည်ကြီးတံဆိပ်ဆေးတွေကို  ဥပမာ - ပါရာစီတမော တံဆိပ်တစ်ခုဆို  အားလုံး သိပါတယ်။  အရင်တုန်းက  တစ်ကတ်ကို  ၂၀၀၊ ၃၀၀  လောက် ပေးရတာက အခု ၄၀၀၀၊ ၅၀၀၀ ပေးတာတောင် ရှာလို့မရဘူး။ ဒီလိုဖြစ်မယ်ဆိုရင် မူလဆေးဝါးဗေဒ   အမည်တူမယ်၊    အထဲမှာပါတဲ့ ဆေးပမာဏတူမယ်၊ ပါရာစီတမော ၅၀၀ မီလီဂရမ်  တူတာ၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက      အသိအမှတ်ပြုတဲ့ မှတ်ပုံတင်လက်မှတ်လည်း   ပါတယ်။    သက်တမ်း ကုန်ဆုံးမယ့်ရက်လည်း       ဝေးသေးတယ်ဆိုရင် ဒီလိုဆေးကို ဝယ်ယူသုံးစွဲလို့ရပါတယ်။ 
မြန်မာနိုင်ငံ   အစားအသောက်နှင့်    ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက   အသိအမှတ်ပြုထားတဲ့ မူလဆေးဝါးဗေဒအမည်နဲ့ဆေး Generic Medicine  ဖြစ်ရင်  သူကကုန်ပစ္စည်းတံဆိပ်  Brand  Name  တွေမပါဘူး။ မူလဆေးဝါးဗေဒအမည် ပါရာစီတမော  ၅၀၀ မီလီဂရမ် ဆိုတာပါမယ်၊ ဘူးနဲ့လာရင် လာမယ်။  အောက်မှာကြည့်လိုက်ရင် Myanmar Registration Number   ပါမယ်။ ထုပ်ပိုးမှုရော၊ ထုတ်လုပ်မှုရော ကောင်းမွန်တယ်။     သက်တမ်းကုန်ဆုံးမယ့်ရက် တွေလည်း ဖော်ပြထားတယ်။ ဒီလိုဆေးမျိုးဆိုရင်  ဝယ်ရင်ဈေးသက်သာတယ်။ အရည်အသွေးလည်း  ကောင်းတယ်။ ဒါမျိုးဆိုရင် ဝယ်သောက်သင့်ပါတယ်။  အစားထိုး   ဝယ်ယူသုံးစွဲသင့်တဲ့    အကြောင်းကို ဒီနေရာက တင်ပြလိုပါတယ်။ 
နောက်တစ်ခုက ဈေးအလွန်သက်သာတာကို ကြည့်ပြီး ဝယ်ယူတာကိုလည်း ရှောင်သင့်ပါတယ်။  ဘူးနဲ့   မဟုတ်တော့ဘဲ     အလုံးအပြေတွေလည်း ဖြစ်မယ်ဆိုရင်  ရှောင်သင့်ပါတယ်။  ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အသိအမှတ်ပြု  မြန်မာနိုင်ငံ ဆေးဝါးမှတ် ပုံတင်အမှတ်လည်း မပါဘူး၊ စနစ်တကျထုပ်ပိုးမှု မရှိဘူး၊ ထုတ်လုပ်တဲ့ရက်၊ သက်တမ်းကုန်ဆုံးတဲ့ ရက် မပါဘူး၊     ဘူးနဲ့မဟုတ်တော့ဘဲ အလုံးအပြေတွေဆိုတော့ ဘာမှမမြင်ရ၊ မသိရတော့ဘူး။    ဒီလိုဆိုရင်  ဆေးဝါး အတုလည်း  ဖြစ်နိုင်တယ်။ အရည်အသွေးလည်း   မပြည့်ဝတာဖြစ်နိုင်တယ်၊     သက်တမ်းလွန်တဲ့ ဆေးဝါးလည်းဖြစ်နိုင်တယ်။      ဘူးနဲ့မဟုတ်ဘဲ အလုံးအပြေတွေဖြစ်သွားတော့ မသိနိုင်တော့ဘူး။ ဒီလိုမျိုးတွေကို       ဈေးလျှော့ရောင်းတာဆိုရင် လည်း     ရှောင်သင့်ပါတယ်။     သောက်မိရင်    အကျိုးကျေးဇူး   မရှိနိုင်ပါဘူး၊  အန္တရာယ်တောင် ဖြစ်နိုင်ပါတယ်။ 
ဆေးဝါးဝယ်ယူရာမှာ အဓိက ရှောင်ကြဉ်ရမှာ နောက်တစ်ခုက  တော်တော်ကို  အန္တရာယ်ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါက စပ်ဆေးဖြစ်ပါတယ်။ ရပ်ရွာ ထဲမှာလည်း   ကြားနေရတယ်။   နေမကောင်းရင် ကွမ်းယာဆိုင်က စပ်ဆေးသောက်လိုက်ရင် နေကောင်း သွားတယ်ဆိုပြီးပေါ့။ ဒါကအတော့်ကို အန္တရာယ် ရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ စပ်ဆေးမှာပါတဲ့ အချို့ဆေး တွေက     အလုံးအပြေတွေ   ရောထားတယ်။ ဘာပါမှန်း၊  ဘာဆေးမှန်းလည်း မသိဘူး။ များသော အားဖြင့်  ထည့်တတ်တဲ့    ဆေးတွေက    ပဋိဇီဝဆေး တွေ၊   ပြင်းထန်တဲ့     အကိုက်အခဲပျောက်ဆေး တွေ၊          စတီးရွိုက်ဆေးတွေ၊      အချို့ဆိုရင်   သက်တမ်းလွန်နေတဲ့ ဆေးတွေလည်း ထည့်တတ် ပါတယ်။ 
စတီးရွိုက်ဆေးတွေရဲ့   သဘောက ရောဂါကို ခဏတာ   သက်သာစေပါတယ်။    နောက်ပြီးရင် ရောဂါရဲ့    ပြင်းထန်မှုက    ပိုသထက်ပိုလာပြီး အသက်သေဆုံးတဲ့အထိ    အန္တရာယ်ရှိနိုင်ပါတယ်။   စပ်ဆေးကို  မကြာခဏ  ဝယ်ယူသောက်သုံးမယ် ဆိုရင် ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ 
စတီးရွိုက်ဆေးတွေကြောင့် အစာအိမ်၊ ကျောက် ကပ်၊       နှလုံးသွေးကြောရောဂါ        ဖြစ်ပွားပြီး နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးအများကြီး ခံစားရနိုင်ပါတယ်။    ပဋိဇီဝဆေးကို    ဆေးပတ် လည်အောင် မသောက်တာ၊ အာနိသင်လျော့နေတဲ့ ပဋိဇီဝဆေးတွေကို သောက်တာကြောင့် ဆေး ယဉ်ပါးတဲ့ ပြဿနာတွေဖြစ်ပြီး လူ့သက်တမ်းမစေ့ ဘဲ စောစီးစွာ  အသက်ဆုံးရှုံးနိုင်ပါတယ်။ စပ်ဆေး ကို လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ 
နောက်တစ်ခုက ကိုဗစ် - ၁၉ ရောဂါဖြစ်တယ် လို့ သံသယရှိရင် အွန်လိုင်းပေါ်မှာတွေ့တဲ့ ဆေးမြီး တိုတွေနဲ့ ကုသမှုလုံးဝမပြုလုပ်သင့်တာ  ဖြစ်ပါ တယ်။ နီးစပ်ရာကျန်းမာရေးဌာနကို ဆက်သွယ်ပြီး စနစ်တကျကုသမှုခံယူတာ အကောင်းဆုံးဖြစ်ပါ တယ်။ အိမ်တွင်းဆေးမြီးတိုနဲ့ ကုသတာက ရောဂါ ကြောင့် သေဆုံးမှုကို မြင့်တက်စေပြီး အိမ်မှာရှိတဲ့ ကျန်တဲ့ မိသားစုဝင်တွေကို  ကူးစက်မှု   မြင့်မား စေတဲ့အတွက် အိမ်မှာဆေးမြီးတိုနဲ့ ကုသခြင်းကို လည်း လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ 
ဆေးဆိုင်မှာ   ဆေးဝယ်တဲ့အခါမှာလည်း အိမ်ကထွက်ပြီဆိုတာနဲ့ ပါးစပ်နဲ့  နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်မယ်။ မေးစေ့မှာ မချိတ်ပါနဲ့။ လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ် တကျ  ဆေးမယ်။ အခြားသူတွေနဲ့ ခပ်ခွာခွာနေမယ်။ လိုအပ်ရင်  ခြောက်ပေအကွာ စနစ်တကျ တန်းစီ ဝယ်မယ်။ လူစုလူဝေးဖြစ်ခြင်းကို လုံးဝရှောင်ကြဉ် သင့်ပါတယ်။     လိုအပ်တဲ့   ပမာဏကိုသာဝယ်ပြီး မလိုအပ်ဘဲ အလွန်အကျွံဆေးတွေ အမြောက်အမြား မဝယ်ယူဖို့လိုပါတယ်။
ဒီလိုဆေးဝါးဝယ်ယူရေးနဲ့   ပတ်သက်တဲ့ ကျန်းမာရေးအသိပညာတွေကို မိသားစုအချင်းချင်း၊ မိတ်ဆွေအချင်းချင်း မျှဝေခြင်းအားဖြင့် ဆေးဝါးနဲ့ ပတ်သက်ရင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ဝယ်ယူ နိုင်မယ့်အပြင် ဆေးဆိုင်ကနေ ရောဂါကူးစက်စေ ခြင်း၊ အရည်အသွေး မပြည့်မီတဲ့ဆေးတွေ၊ ဆေး အတုတွေကို  သောက်သုံးမိလို့ အသက်အန္တရာယ် ဖြစ်စေခြင်း၊ ဆေးမြီးတိုနဲ့ ကိုဗစ် - ၁၉ ရောဂါကို ကုမိလို့   အိမ်မှာနေရင်း     အသက်ဆုံးရှုံးရခြင်း အန္တရာယ်တွေကနေ     ကင်းဝေးကြမှာဖြစ်တဲ့ အကြောင်း တင်ပြလိုပါတယ်။ 
ကျေးဇူးတင်ပါတယ်။