
နေပြည်တော် ဩဂုတ် ၁၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၁၉-၈-၂၀၂၁ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၂၅ ခုမှ၊ Favipiravir Tablets ၁၈၈၁ ခု၊ Tast Kit ၆၇၆၀၊ LCD (Patient Monitor) ၃၀၊ Oximeter ၁၆၆၃ ခု၊ Oxygen Concentrator ၇၃၉ ခု၊ Oxygen Mask ၅၀၀၀၊ Oxygen Sensor ၃၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ကာကွယ် ကုသဆေးနှင့် အခြားဆေးမျိုးစုံ ၅၄၇၀၅ ဒသမ ၆၉ kg ၊ နယ်စပ်(မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်) တွင် ကုမ္ပဏီ ၂၃ ခုမှ Oxygen Clider ၆၅၂၅ ခု၊ Oxygen Concentrator ၅၉၆ ခု၊ Mask ၆၅၅၃၈ခု၊ Liquid Oxygen ၁၅၀၈၀ ဒသမ ၁ kg၊ Liquid Oxygen တန် ၂၀၊ Flow Meter ၆၃၀၀၊ PPE ၂၆၈၅၀၊ Oxygen Mask ၁၅၀၀၊ Trolley ၃၅၀၊ Disposable Syringe ၂၂၁၆၀၊ Face Shield ၁၀၂ kg ၊ Goggle ၂၈၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်