
ထားဝယ် သြဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၁)ကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ယခုလက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုးများကို မြန်မြန်ပြီးပြတ်အောင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ် ပြီး အောက်ဆီဂျင်ဖူလုံမှုရရှိအောင် ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထားဝယ်ခရိုင် လေးမြို့ နယ်တွင် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုး ၄၀ ကျ စက်တစ်လုံး၊ အိုး ၁၀၀ ကျ စက်နှစ်လုံး၊ အိုး၂၀၀ ကျ စက်တစ်လုံး စုစုပေါင်း ၄၄၀ ရရှိနိုင် သည့်အတွက် အဆင်ပြေကြောင်း၊ မြိတ်မြို့နယ်တွင် တစ်ရက်လျှင် လီတာ ၄၀ အလုံး ၂၀၀ ကျ စက်တစ် လုံး တည်ဆောက်လျက်ရှိပြီး တန် ၂၀ ထည့်သွင်း သိုလှောင်နိုင်သည့် အောက်ဆီဂျင်အရည်စက်ရုံ တစ်ခု ရောက်ရှိတပ်ဆင်လျက်ရှိကြောင်း၊ ယင်းစက် သည် တစ်ကြိမ်လျှင် အောက်ဆီဂျင် လီတာ ၄၀ အိုး ၂၆၀၀ ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကော့သောင်းမြို့ နယ်တွင် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပထမအဆင့် လီတာ ၄၀ အိုး ၁၀၀ ကျ စက်တစ်လုံးနှင့် အိုး ၂၀၀ ကျ စက်တစ်လုံး မှာယူထားပြီး ရက်ပိုင်းအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ် သည့် စက်များကို ခရိုင်၊ မြို့နယ်များတွင်ထားရှိခြင်း ဖြင့် ခရိုင်အတွင်းမြို့နယ်များ၏ လိုအပ်ချက်များကို လွယ်ကူလျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း၊ ဒုတိယအဆင့် မြို့နယ်အလိုက် လိုအပ်သည့် အတိုင်းအတာထိ ပြည့်စုံအောင် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ အတိုင်းအတာတစ်ခုအနေဖြင့် ပြည့်စုံနေပြီဖြစ်သော်လည်း ထပ်မံလိုအပ်လာပါက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် သွားလာရေးများကိုလည်း ကန့်သတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တိုင်း ဒေသကြီး ဝန်ကြီးများနှင့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ အခြေအနေများကို အကြံပြုဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)