ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အောက်ဆီဂျင်စက်သစ်လည်ပတ်ရန်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဩဂုတ်   ၁၉


ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့်   တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက    အောက်ဆီဂျင် ပေးအပ်လှူဒါန်းပွဲတက်ရောက်ပြီး အောက်ဆီဂျင်စက်သစ် လည်ပတ် ရန် ပြင်ဆင်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 


ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်         အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်    အမှတ်(၁)  တပ်မတော်ဆေးရုံကြီး   ခုတင် (၁၀၀၀)တွင်      စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်    ၂၅ ကျောင်းဆင်း      အရာရှိများမှ တပ်မတော်ဆေးရုံကြီးနှင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးများသို့ Liquid Oxygen တန် ၂၀ ပေးအပ်လှူဒါန်း သည့်အခမ်းအနားကို တက်ရောက် ပြီး လှူဒါန်းမှုများအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများ      ပြန်လည် ပေးအပ်သည်။

 


ထို့နောက်  လှူဒါန်းပေးအပ် သည့် Liquid  Oxygen   များကို တပ်မတော်ဆေးရုံကြီးရှိ ဖိအားမြင့်      အောက်ဆီဂျင်အရည် သိုလှောင် ကန်အတွင်းသို့   တပ်မတော်နှင့် မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့မှ ကျွမ်းကျင်သူနည်းပညာရှင်များ က   ဖြည့်သွင်းပေးနေမှုများကို အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တပ်မှူး ဗိုလ်မှူး ချုပ် မြင့်ဇော်နှင့်   မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ချုပ် ဦးမြတ်သူတို့က ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တိုင်းဒေသကြီး ဝန်ကြီးများသည်    မရမ်းကုန်း မြို့နယ်  မင်းဓမ္မလမ်းရှိ  မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) ကိုဗစ် -၁၉ ရောဂါ ကုသရေးစင်တာသို့ ရောက်ရှိရာ စည်ပင်သာယာရေး ဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး နှင့် တာဝန်ရှိသူများက ရန်ကုန် တိုင်းဒေသကြီး   အစိုးရအဖွဲ့ပိုင် တစ်ရက်လျှင် လီတာ   ၄၀ ဆံ့ ဆလင်ဒါအိုး ၈၀၀ ထုတ်လုပ်နိုင် မည့် တန် ၂၀ ဆံ့ Liquid Oxygen Tank တပ်ဆင်တည်ဆောက်နေ မှုအခြေအနေ၊ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC)  ခြံဝင်းအတွင်း တည်ဆောက်နေသည့် ကိုဗစ် -၁၉ ပိုးတွေ့လူနာ ၂၄၀ ထားရှိနိုင်မည့် အလျား ၁၁၅ ပေ၊ အနံပေ ၄၀ ရှိ    တိုးချဲ့အဆောင်သုံးဆောင်  တည် ဆောက်ပြီးစီးမှု      အခြေအနေ နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏    စီမံဆောင်ရွက်မှုဖြင့် အောက်ဆီဂျင်အရည်ပါ လီတာ ၄၀ ဆလင်ဒါအိုးအသစ်    ၂၄၀၀ ကျော် စုဆောင်းထားရှိပြီး ပြည်သူ့ ဆေးရုံများနှင့် ကိုဗစ် - ၁၉ ရောဂါ ကုသရေးစင်တာများသို့ အောက် ဆီဂျင်ပြတ်လပ်မှု      မရှိစေရေး ပြန်လည်မျှဝေပေးနေမှု   အခြေ အနေများနှင့်MCC စင်တာတွင် ပိုးတွေ့လူနာ ၇၀ ကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ  တိုင်း ဒေသကြီးဝန်ကြီးချုပ်က  လိုအပ် သည်များ  မှာကြားခဲ့သည်။ 

 


ဆန်းကျော်ဦး (ပြန် /ဆက်)