
လားရှိုး ဩဂုတ် ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌ ဩဂုတ် ၁၇ ရက်က စေတနာရှင်၊ အလှူရှင်များက လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ မြို့နယ်များနှင့် လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဘဏ်ဝန်ထမ်းများအား ပြန်လည်ထောက်ပံ့ ပေးအပ် သည်။
ထိုသို့ လှူဒါန်းရာတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အမှာစကားပြောကြားပြီး တာမိုးညဲပြည်သူ့စစ်ဌာန အဖွဲ့၊ နမ့်ဖက်ကာပြည်သူ့စစ်ဌာနေအဖွဲ့၊ Wang Ding Economic Development Company၊ Hein Lin Company Limited နှင့် မန်ပန်ပြည်သူ့စစ်ဌာနေ အဖွဲ့တို့က လှူဒါန်းသော ကိုဗစ်- ၁၉ ရောဂါကာကွယ် ရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ကို တာဝန်ရှိသူများက လက်ခံယူသည်။
ထို့နောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်နှင့် လားရှိုး မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဘဏ် ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ကို ပြန်လည်ထောက်ပံ့ပေးအပ်ကြောင်း သိရ သည်။
ခရိုင်
(ပြန်/ဆက်)