တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဩဂုတ်   ၁၈


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံ နေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ     ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို      ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်အတွင်း မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ (၆၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၂၁၃၇  ဦးတို့ကို  လည်းကောင်း၊     ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်အတွင်းမှ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ (၆၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း များ၊    ဌာနဆိုင်ရာဝန်ထမ်းများနှင့်   အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၅၁၇ ဦးတို့ကို  လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်    သုံးမြို့နယ်အတွင်းမှ      ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ (၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊   စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူစုစုပေါင်း   ၉၂၆  ဦးတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ မှ သံဃာတော် ၃၃၅ ပါး၊ သီလရှင် ၂၇ ပါး စုစုပေါင်း ၃၆၂ ပါး အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခုတို့မှ ထေရ်ကြီးဝါကြီးဆရာတော်ကြီး များ၊  (၆၅) နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း  ၈၆၆၂ ဦးတို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အတွင်းမှ ထေရ်ကြီး ဝါကြီး     ဆရာတော်ကြီးများ၊    (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊      ဒေသခံပြည်သူများနှင့် အကျဉ်းသား၊ အကျဉ်းသူများအပါအဝင် စုစုပေါင်း ၇၉၂  ဦးတို့ကိုလည်းကောင်း  တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင် ရာ  ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်  ပူးပေါင်း၍  ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ      ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                    

သတင်းစဉ်