
ရန်ကုန် သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်း များနှင့် အလှူငွေများလှူဒါန်းခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ယနေ့နံနက် ၁၀ နာရီ တွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် Yangon Metropolitan Development Public Co.,Ltd မှ ငွေကျပ်သိန်း ၅၀၀၀၊ Radiant International Co., Ltd မှ ငွေကျပ် သိန်း ၅၀၀ တန်ဖိုးရှိ Zydus Healthcare (အိန္ဒိယနိုင်ငံ ထုတ်) Fabidac ဆေး အလုံး ၂၄၀၀၀၊ Amazing Zawgyi Co.,Ltd မှ ငွေကျပ် ၁၉၂ သိန်းတန်ဖိုးရှိသော Oxygen Concentrator(10l) ၁၀ လုံးနှင့် Oximeter အလုံး ၂၀၀၊ LANDA General Trading Co.,Ltd မှ ငွေကျပ် ၁၂၅ သိန်းတန်ဖိုးရှိ Liquid Oxygen ၂၀ တန်၊ Sky Home Co.,Ltd မှ ငွေကျပ် ၁၂၅ သိန်း တန်ဖိုးရှိ Liquid Oxygen ၂၀ တန်၊ Treasure Land Asia Investment Co.,Ltd မှ ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ Oxygen Concentrator ခြောက်လုံး၊ မိဘနှစ်ပါးအား အမှူးထား၍ (သား)ဦးကျော်စွာဦးနှင့် (သမီး)ဒေါ်ဆွေဇင်ဦး (ULTRA Co.,Ltd) မိသားစုက ငွေကျပ်သိန်း ၁၀၀၊ ဦးသက်မျိုး - ဒေါ်မိုးသီတာဇော် (မိုးရတနာထွန်း ဆောက်လုပ်ရေးကုမ္ပဏီမိသားစု)နှင့် ဒေါက်တာ စည်သူဝင်း (Future Bright Co., Ltd) တို့က ငွေကျပ် သိန်း ၇၀ တန်ဖိုးရှိသော ဆေးရုံသုံး Oxygen Flow Meter အခု ၅၀၊ နွယ်အေးစွန္နီဂျာမေဗလီလူမှုကူညီရေး အသင်းမှ ငွေကျပ် ၃၇ သိန်းတန်ဖိုးရှိသော Oximeter အလုံး ၂၀၀ နှင့် Flow Meter အခု ၁၀၀၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိသာရ၊ ပဓာနနာယကဆရာတော် မဟာ ပရိနိဗ္ဗာနကျောင်းတော်ကြီး၊ မြန်မာကျောင်းတိုက် (အိန္ဒိယနိုင်ငံ)မှ US $ 3000၊ ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီးသိန်းအောင်အား ရည်စူး၍ ရွှေရတု ဒေါ်သန်းတင် မိသားစုက US $ 1000၊ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ထွေး (Royal AAT Co., Ltd)မှ ငွေကျပ်သိန်း ၁၀၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံ ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)