ဘားအံ၌ မိုးစပါး စုပေါင်းမြေဩဇာကြဲပက်ပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ဘားအံ   ဩဂုတ်   ၁၇


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယနေ့ နံနက်ပိုင်းက   ဘားအံမြို့   ရသေ့ပျံကျေးရွာအုပ်စု မိုးစပါးစုပေါင်းမြေဩဇာကြဲပက်ပွဲနှင့် သံလွင်မြစ် အတွင်း      ငါးမျိုးစိုက်ထည့်ပွဲ  အခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်သည်။


မြေဩဇာများဖြန့်ဝေပေး


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ရသေ့ပျံကျေးရွာအုပ်စုရှိ ဆင်းသုခ မျိုးစေ့ထုတ် ၁၀ ဧက   စိုက်ခင်း၌   ကျင်းပသည့် မိုးစပါးစုပေါင်းမြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ခဲ့ပြီး   ပြည်နယ်ဝန်ကြီးချုပ်၊    ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်      ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က  တက်ရောက်လာကြ သည့်   တောင်သူဦးကြီးများအား   မြေဩဇာများ ဖြန့်ဝေပေးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်     စိုက်ခင်းအတွင်း ရသေ့ပျံကျေးရွာမှ   တောင်သူများ၏  ယူရီးယား မြေဩဇာနှင့် သဘာဝမြေဩဇာများ ရောနှောကြဲပက် ခြင်းကို ကြည့်ရှုအားပေးကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ် ဘားကပ်ကျေးရွာ ဘားကပ်လျှပ်စစ် မြစ်ရေတင်လုပ်ငန်း၌   သံလွင်မြစ်အတွင်း  ငါးမျိုး စိုက်ထည့်သည့် အခမ်းအနားသို့ တက်ရောက်ကြပြီး  နှစ်လက်မအောက်ခံအရွယ် ငါးမြစ်ချင်းကောင်ရေ ၈၀၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ  ၁၃၀၀၀၀  ကို  ငါးမျိုး စိုက်ထည့်ပေးကြသည်။


ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကျော်ကို ငါးမျိုးစိုက် ထည့်ပေးသွားမည်ဖြစ်ရာ ယခုအခါ ငါးသားပေါက် ကောင်ရေ ၁၀ သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။    

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)