
နေပြည်တော် ဩဂုတ် ၁၇
နေပြည်တော်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးရွှေလေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရတစ်ရပ်သည် စီးပွားရေး၊ လူမှုရေးအရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံတော်၏မြို့တော်ဖြစ် သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေး စတင်ဆောင်ရွက် ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သဖြင့် ယခုအခါ ၁၅ နှစ်နှင့် ခြောက်လရှိပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် ယခင်က မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာမြို့တော် ဖြစ်သော်လည်း ယခုအခါ စီးပွားရေးကုန်သွယ်မှု အဓိကဆောင်ရွက်လျက်ရှိသည့် မြို့တော်ဖြစ် ကြောင်း၊ အလားတူ မန္တလေးမြို့သည်လည်း ယခင် က မင်းနေပြည်တော်ဖြစ်ခဲ့ပြီး အထက်မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သကဲ့သို့ စီးပွားရေးအရလည်း အချက် အချာကျသည့် မြို့တော်ဖြစ်ကြောင်း၊ နေပြည်တော် သည် နိုင်ငံတော်၏ အစိုးရရုံးစိုက်ရာ မြို့တော် ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီစေရန် မြို့တော်အား တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခင်က နေပြည်တော်အား မပြည့်မစုံ ဖြင့် စတင်ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါ အတိုင်းအတာတစ်ခုအထိ ပြည့်စုံမှုများ ရှိလာပြီ ဖြစ်ကြောင်း၊ သို့သော် ယခုထက်ပိုမိုပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မြို့အားလုံး ၏ စံပြမြို့တော်တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း။
၂၇၂၅ စတုရန်းမိုင် ကျယ်ဝန်း
နေပြည်တော်အား သီရိ ၅ မြိုနယ်နှင့် တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး စသည့် မြို့များနှင့် ပေါင်းစပ် တည်ဆောက်ထားပြီး စုစုပေါင်းဧရိယာ အကျယ် အဝန်း ၂၇၂၅ စတုရန်းမိုင် ကျယ်ဝန်းကြောင်း၊ လူဦးရေအားဖြင့် ၁ ဒသမ ၁၄၈ သန်းခန့် နေထိုင်ပြီး မြို့နေလူဦးရေ ၃၀ ရာခိုင်နှုန်းခန့်နှင့် ကျေးလက်နေ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ မြို့နေလူဦးရေ တွင် အစိုးရဝန်ထမ်းများ ရာခိုင်နှုန်းအားဖြင့် များပြား ပြီး ကျေးလက်နေပြည်သူများအနေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို အခြေခံ၍ အခြေခံအားဖြင့် ရိုးရှင်းသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီဒေသတွင် အကြမ်းဖျင်းအားဖြင့် တစ်နှစ် လျှင် မိုးရွာရက် ၈၀ မှ ၉၀ ကြားပတ်ဝန်းကျင်ရှိပြီး မိုးရေချိန် လက်မ ၅၀ ပတ်ဝန်းကျင် မိုးရွာသွန်းသဖြင့် ရက်ပေါင်း ၂၀၀ ကျော်ခန့်မှာ နေသာသည့်ရက်များ ဖြစ်ပြီး အပူချိန်အားဖြင့် အနိမ့်ဆုံး ၁၀ ဒီဂရီစင်တီ ဂရိတ်မှ အမြင့်ဆုံး ၄၀ ဒီဂရီ စင်တီဂရိတ်ရှိသဖြင့် ရာသီဥတုမျှတကောင်းမွန်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဥယျာဉ်ခြံမြေဧကပေါင်း ၁၀၆၀၀ ၊ လယ်မြေ ၁၇၆၄၀၀၊ ယာမြေ ၁၂၇၉၀၀ ကျော်ရှိပြီး အဓိကအားဖြင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ကြံများ စိုက်ပျိုးကြကြောင်း၊ မွေးမြူရေးအနေ ဖြင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဆိတ်နှင့် ငါးများကို မွေးမြူကြကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်း စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ် စသည့် အဓိကတက္ကသိုလ် သုံးခုရှိပြီး စိုက်ပျိုးရေးသိပ္ပံ၊ စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများ ရှိကြောင်း။
စိစစ်ဆောင်ရွက်ရန်လို
နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်နှင့် သမ္မတကြီး ဦးသိန်းစိန် တာဝန်ယူခဲ့သည့် ဒီမိုကရေစီ ပထမအစိုးရလက်ထက် တွင် သရက်စိုက်ပျိုးရေးဇုန်များနှင့် မွေးမြူရေးဇုန် များ သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်ကုန်း မြို့တွင်လည်း မွေးမြူရေးနှင့်ပတ်သက်၍ မြေဧရိယာ ဧက ၇၀၀ နီးပါးခွင့်ပြုပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသည့် မြေဧရိယာ များအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ တာဝန်ရှိသည့် ဌာနများမှ ပြန်လည် စိစစ်ဆောင်ရွက်ရန်လိုကြောင်း။
နေပြည်တော်ကောင်စီနယ်မြေသည် အရှေ့ရိုးမ နှင့် အနောက်ရိုးမအကြားတွင် တည်ရှိပြီး မြစ်ချောင်း များ ပေါများသဖြင့် စိုက်ပျိုးရေးအတွက် မြေဩဇာ များ ကောင်းမွန်သောကြောင့် စိုက်ပျိုးမြေကောင်းမွန် သော နေရာဒေသဖြစ်သဖြင့် စိုက်ပျိုးရေးတက္ကသိုလ် နှင့် သုတေသနဌာနများကို ဖွင့်လှစ်ထားခြင်းဖြစ် ကြောင်း၊ မြစ်ချောင်းများ ပေါများပြီး ရေခံ၊ မြေခံ များ ကောင်းမွန်ခြင်းကြောင့် ၁၂ လရာသီ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာ ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး တက္ကသိုလ်များရှိခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများမှ အထွက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ စိုက်ပျိုးရေများ သုံးစွဲ ရာတွင် Drop စနစ်နှင့် Sprinkler စနစ်များဖြင့် သုံးစွဲရန်လိုကြောင်း၊ ထိုသို့ သုံးစွဲနိုင်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး အတွက်လည်း ရှိပြီးသားရေလှောင်တမံများနှင့် ဆည်များရှိ ရေမျက်နှာပြင်ဧရိယာများပေါ်တွင်ပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံဆောင် ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက် စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအပါအဝင် အခြားလုပ်ငန်းများကိုလည်း အကျိုး ပြုနိုင်မည်ဖြစ်ကြောင်း။
ထို့ပြင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းတို့တွင် ဝါများစိုက်ပျိုးကြပြီး နေပြည်တော်ကောင်စီနယ်မြေ အတွင်းတွင်လည်း ဝါစိုက်ပျိုးမှုများရှိကြောင်း၊ ဝါကုန် ကြမ်းများပေါ်တွင်အခြေခံ၍ နေပြည်တော်နယ်မြေ အတွင်း ချည်မျှင်နှင့် အထည်စက်ရုံများ တည်ဆောက် ပြီး ထွက်ရှိလာသည့် ချည်မျှင်နှင့်အထည်များမှ တစ်ဆင့် အထည်အလိပ်လုပ်ငန်းများနှင့် အထည်ချုပ် လုပ်ငန်းများအထိ အဆင့်ဆင့်ဆောင်ရွက်နိုင် ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်၍ ရကြောင်း၊ လျှပ်စစ်ဓာတ်အား မပြတ်ရရှိနေပါက လျှပ်စစ်နှင့် သက်ဆိုင်သည့်လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့ပြစီမံကိန်းများတွင် စနစ်တကျ တွက်ချက် ဆောင်ရွက်ရန်လိုကြောင်း။
နိုင်ငံတော် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် အုပ်ချုပ်ရေးယန္တရားအပေါ် အထောက်အကူပြုမည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရမည်ဖြစ် ကြောင်း၊ ပညာရေးနှင့်ပတ်သက်သည့် မြို့တော် အဖြစ် ဆောင်ရွက်နိုင်ကြောင်း၊ စီးပွားရေး၊ စီမံ ခန့်ခွဲရေး၊ တရားရေး၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေး ဆိုင်ရာများနှင့်သက်ဆိုင်သည့် သင်တန်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက် ထည့်သွင်းစဉ်းစားကြရန်လိုကြောင်း၊ တက္ကသိုလ်များ တည်ဆောက်ရာတွင် ပတ်ဝန်းကျင်ကောင်းသည့် နေရာတွင် တည်ဆောက်ရန်လိုကြောင်း၊ ရန်ကုန် တက္ကသိုလ်သည် အာရှနိုင်ငံများတွင် တည်နေရာ အားဖြင့် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ တည်ဆောက်ရန်အတွက် နေရာများ ရွေးချယ်ရာတွင် နေရာရွေးချယ်မှုမှန်ကန်စေရေး အဘက်ဘက်မှ ထည့်သွင်းစဉ်းစားဆောင်ရွက်ကြ ရန်လိုကြောင်း။
မြို့တော်သာယာလှပရေးအတွက် ဆောင်ရွက်ရာ တွင် အခြေခံအကြောင်းအရာများအား ထည့်သွင်း စဉ်းစား၍ မြို့တော်သာယာလှပစည်ကားစေရေးဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များဆောင်ရွက်ရာတွင် လည်း နေပြည်တော်သည် ဗဟိုဌာနဖြစ်ရမည် ဖြစ်သဖြင့် စနစ်တကျစီမံခန့်ခွဲရန် လိုကြောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရာတွင် လေကြောင်းကုန်စည်သယ်ယူ ပို့ဆောင်ရေးစနစ် (Cargo) လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အထိပါ ထည့်သွင်းတွက်ချက် တည်ဆောက် ထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက် ရာတွင်လည်း ထုတ်ကုန်များကို လေဆိပ်သို့ အလွယ်တကူ ပို့ဆောင်နိုင်သည့်နေရာများ ရွေးချယ် ရန်လိုအပ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ တွင် လူဦးရေသန်း ၂၀ အထိ နေထိုင်နိုင်ရန် ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်သဖြင့် မြို့ပြစီမံကိန်း များတည်ဆောက်ရာတွင် မြို့ပတ်ရထားလမ်းများ၊ ဘတ်စ်ကားလမ်းများ၊ လျှပ်စစ်ဘတ်စ်ကားလမ်း များနှင့် မြေအောက်ရထားလမ်းများ တည်ဆောက် နိုင်ရေးအတွက်ပါ ကြိုတင်စီမံဆောင်ရွက်ထားရန် လိုကြောင်း၊ နေပြည်တော်ဘူတာကြီးအား တစ်နိုင်ငံ လုံး၏ ဗဟိုချက်ဖြစ်အောင် ဆောင်ရွက်ရန်လိုအပ် သကဲ့သို့ လေကြောင်းပို့ဆောင်ရေးစနစ်များသည်လည်း နေပြည်တော်ကို ဗဟိုပြု၍ ဆောင်ရွက်နိုင် ရမည်ဖြစ်ကြောင်း၊ နေပြည်တော်ရှိလမ်းများ အဆင့် မြှင့်တင်မှုများဆောင်ရွက်ရန် လိုအပ်ကြောင်း။
စံနမူနာပြဖြစ်ရမည်
ဝန်ထမ်းအိမ်ရာများ စည်ကားစေရေးအတွက် လည်း ရပ်ကွက်များ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပလက် ဖောင်းများ စနစ်တကျပြုပြင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သာမန်လူနေရပ်ကွက်များတွင် အိမ်ရာ များဆောက်လုပ်ရာ၌ အထပ်မြင့်ဆောက်လုပ်မှု၊ လမ်း အကျယ်၊ လူနေဧရိယာများနှင့်ပန်းခြံများ ဆောက်လုပ် နိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ပညာရေး၊ စီးပွားရေး၊ စက်ရုံ အလုပ်ရုံများ၊ သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းတို့တွင် စံနမူနာပြဖြစ်ရမည်ဖြစ်ကြောင်း၊ အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်နိုင်သည့် ဥပ္ပါတ သန္တိစေတီတော်၊ သတ္တသတ္တာဟစေတီတော်၊ မဟာ သကျရံသီဘုရား၊ လက်ရှိတည်ဆောက်နေသည့် မာရဝိဇယထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် တိုင်းရင်းသားကျေးရွာ၊ ရေပန်းဥယျာဉ် နှင့် တိရစ္ဆာန်ဥယျာဉ်တို့ရှိသော်လည်း ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်သည့် တာဝါကဲ့သို့သော အဆောက်အအုံများ ထပ်မံတည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ကမ္ဘာကြီး တစ်ရှိန်ထိုးတိုးတက်နေ သကဲ့သို့ မိမိတို့နေပြည်တော်ကောင်စီနယ်မြေသည် လည်း အမြဲမပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင် ရန်အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော် ပြည်ထောင်စုနယ်မြေဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေ အနေ၊ ဒေသတွင်း ဝမ်းစာဖူလုံမှု၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မှု၊ မြို့ပြအင်္ဂါရပ်များနှင့်အညီ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက် ရန် လိုအပ်သည့်ကဏ္ဍများကို ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ကောင်စီဝင်နှင့် ပြည်ထောင်စုဝန်ကြီးများ က သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြို့တော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့ပြစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့် ကိုက်ညီအောင် လက်တွေ့ကျသည့် အခြေခံအချက် များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ နေပြည်တော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပညာရေးကဏ္ဍတို့တွင် စံပြမြို့တော်ဖြစ်စေရေး အတွက် လိုအပ်သည့် သိပ္ပံကျောင်းများ၊ ကောလိပ် များ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး၊ အခြေခံပညာ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် အောင်ချက် မြင့်မားစေရေးတို့အတွက် စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် နေပြည်တော်၌ မြို့နေလူဦးရေတိုးပွားပြီး မော်တော်ယာဉ်များ၊ မီးရထား များ၊ လျှပ်စစ်ရထားများ၊ လျှပ်စစ်ကားများ တိုးချဲ့ ပြေးဆွဲလာသည့်အခါ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် နည်းလမ်းရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
နေပြည်တော်ဖွံ့ဖြိုးရေး ဦးတည်ဆောင်ရွက်
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် နေပြည်တော် ဖွံ့ဖြိုးရေးအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပြီး နေပြည်တော်အား စံပြအဖြစ်ဆောင်ရွက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မီးခိုးမထွက်သည့်စက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး မြို့သည် သန့်ရှင်းသပ်ရပ်နေရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ရရှိရန်လိုအပ်ပြီး လျှပ်စစ်ကိုအခြေခံသည့် လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းများနှင့် မြို့ပတ်ရထား လမ်းများ၊ မြေအောက်ရထားလမ်းများဖြင့် မြို့အား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း လျှပ်စစ်ဘတ်စ်ကားနှင့် လျှပ်စစ် ကားများ ပြေးဆွဲနိုင်ရေးဆောင်ရွက်ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး အသုံးပြုနိုင်သည်အထိ ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ အဓိကအားဖြင့် နေပြည်တော် ရှိ ပြည်သူလူထု၏ ဘဝမြှင့်တင်ရေး အထောက်အကူ ရရှိစေရန် ဦးတည်ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်တွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရေး များစွာ လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေး အတွက် တိုက်တွန်းပြောကြားခြင်းဖြစ်ကြောင်း၊ ပညာတတ်မှသာ အတွေးအခေါ်များ မြင့်မားပြီး ကျွမ်းကျင်အလုပ်သမား Skill Labour များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
စံချိန်စံညွှန်းမီရန်လိုအပ်
နေပြည်တော်ကောင်စီအနေဖြင့် စီမံကိန်း အလိုက်ပေးထားသည့် မြေနေရာများတွင် လုပ်ငန်း များ အမှန်တကယ် ဆောင်ရွက်ခြင်းရှိ/မရှိ စိစစ် ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ စက်မှုဇုန် များနှင့်ပတ်သက်၍ Skill Labour များရရှိစေရေး Certificate များဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ပစ္စည်းများ နိုင်ငံအတွင်း၌ ဈေးကွက်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းများဖောက်လုပ်မှုနှင့်ပတ်သက်၍ လမ်းများမှာ နိုင်ငံတကာမှလက်ခံသည့် စံချိန်စံညွှန်းမီရန်လိုအပ် ကြောင်း၊ နောင်တစ်ချိန်တွင် လမ်းများတိုးချဲ့နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်တွက်ချက် ဆောက်လုပ်ရန်လိုသကဲ့သို့ လမ်းပခုံးများထည့်သွင်း တည်ဆောက်ရာတွင်လည်း လမ်းများ၏ အဆင့် အလိုက် အဆင့်မီအောင်ထည့်သွင်း ဆောင်ရွက်ရန် လိုကြောင်း။
နေပြည်တော်တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်းကျဆင်းမသွားရန် ထိန်းသိမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ ရာသီဥတုမျှတမည် ဖြစ်ကြောင်း၊ စိုက်သင့်သည့်နေရာများတွင် သစ်တော သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန် လိုအပ် ကြောင်း၊ စိုက်ပျိုးရေးဇုန်နှင့် မွေးမြူရေးဇုန်များတွင် အမှန်တကယ် စိုက်ပျိုးမွေးမြူရန်နှင့် စည်းကမ်းနှင့် အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခေတ်မီ သည့် စက်မှုလယ်ယာစိုက်ပျိုးစနစ်ကို ဖော်ဆောင် သွားရန်နှင့် ဒေသခံတောင်သူများကို လိုအပ်သည်များ ဖြည့်ဆည်းပံ့ပိုးပေးသွားရန် လိုကြောင်း၊ နေပြည်တော်ကို တစ်နိုင်ငံလုံး၏ စိုက်ပျိုးမွေးမြူရေး တွင် စံပြဒေသဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးတွင် ရေ၊ မြေ၊ မျိုး၊ နည်းစနစ် ကောင်းမွန်ရန်လိုအပ်ကြောင်း၊ တောင်သူများ သဘာဝမြေဩဇာ အသုံးချနိုင်ရေး နိုင်ငံတော် အစိုးရ အနေဖြင့် နည်းပညာ ကူညီဆောင်ရွက်ပေးရန်လိုအပ် ကြောင်း။
အသားစားနွားနှင့် နို့စားနွား အဓိကမွေးမြူ
မွေးမြူရေးသုတေသနဦးစီးဌာန ဖွဲ့စည်း ဆောင်ရွက်ရေးကို အမြန်ဆုံး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ် သင်ကြား နိုင်ရေးကို စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မျိုးစေ့ပြပွဲများ၊ နွားပြပွဲများ ပြသနိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ပြီး မွေးမြူရေးအပိုင်းတွင် အသားစား နွားနှင့် နို့စားနွားများကို အဓိကထား မွေးမြူသွားရ မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် နွားနောက် မွေးမြူရေးကို အောင်မြင်အောင် စနစ်တကျ ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားရန် လိုကြောင်း။
နေပြည်တော်သည် ဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်း သာယာလှပမှသာ ခရီးသွားများကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အခမ်းအနားများကိုလည်း နေပြည်တော်တွင်သာ ကျင်းပနိုင်ရေး ဦးတည် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အိမ်သာမှ ဧည့်လာမည်ဖြစ်ကြောင်း၊ သို့အတွက် ဆက်သွယ် သွားလာမှုစနစ်တွင်လည်း နေပြည်တော်ကိုဗဟိုပြု၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ထို့ပြင် ဆက်သွယ်ရေးစနစ် ကောင်းမွန်စေ ရန် အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ လည်း စံနမူနာပြကောင်းမွန်နေရန် လိုအပ်ကြောင်း၊ နေပြည်တော်တွင် လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ စာတိုက်စနစ်နှင့် ပတ်သက်ပြီး ကောင်းမွန်နေရန်နှင့် စာဖြန့်ဝေမှုစနစ် လျင်မြန် သွက်လက်စေရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အထက်ပေါင်းလောင်းဆည်တွင် ငါး၊ ပုစွန်မွေးမြူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက်သွားရန် လိုကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မီးရထားပြတိုက် တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ် သန့်ရှင်း၊ သန့်ရပ်၊ သာယာ၊ လှပစိမ်းလန်း၊ စိုပြည်သည့် မြို့တော်တစ်ခုဖြစ်စေရေးအတွက် အဘက်ဘက်မှ စဉ်းစားသုံးသပ် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်